ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ခေါ်ယူမည် မဟုတ်

0
125

ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ခေါ်ယူမည် မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၏ ပြောဆိုချက်အရ သိရသည်။

ရခိုင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မတ်လ (၈)ရက်၊ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်ဝင်အောင် လုပ်ရခြင်းမှာ ရေရှည်အားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့် စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်သည့် စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ်နိုင်သည့် ပညာကို နိုင်ငံသားအားလုံးတတ်မြောက်သွားရန် လိုအပ်သည့်အတွက်ဖြစ်ကြောင်းနှင့် နိုင်ငံတော် ကာကွယ်ရေးသည် တပ်မတော်တစ်ခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here