၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာလက်ရွေးစင်အသင်းနှင့် ဆီးရီးယားအသင်း ယှဉ်ပြိုင်ကစားမည်

0
166

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းသည် ဆီရီးယားအသင်းနှင့် ယခုလ မတ်(၂၁)ရက်တွင် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း သိရသည်။

ခြေစမ်းပွဲအား အိမ်ကွင်းပွဲစဉ်အဖြစ်
မတ်လ (၂၁) ညနေ(၆) နာရီအချိန်၌
သုဝဏ္ဏအားကစားကွင်းတွင်လည်းကောင်း၊ မတ်လ (၂၆) ရက်နေ့၌ အဝေးကွင်းပွဲစဥ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့တွင် လည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယင်း ပွဲစဥ်များအတွက် ပဏာမ မြန်မာ့လက်‌
ရွေးစင်ကစားသမား (၃၅)ဦးကို ရွှေးချယ်ထားပြီး၊ ကစားသမား စာရင်းတွင် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား (၂၂) ဦး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘူတန်လိဂ်များမှ ကစားသမား (၁၃) ဦး စုစုပေါင်း (၃၅) ဦးတို့ကို ရွေးချယ်ထားခြင်းဖြစ်သည်။

ဆီးရီးယားအသင်းတွင်လည်း ၂၀၂၃ ခုနှစ် ကာတာအာရှဖလားတွင် ကစားခဲ့ကြသော ဥရောပ၊ တောင်အမေရိကနှင့် အာရှကလပ်များရှိ ကြေးစားကစားသမားများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဆီးရီးယားအသင်းသည် ကျင်းပပြီးစီးခဲ့သည့် အာရှဖလား ၂၀၂၃ ပြိုင်ပွဲ၌ (၁၆ )သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းကောင်းတစ်သင်း ဖြစ်ကာ၊ လက်ရှိတွင် ဖီဖာကမ္ဘာ့အဆင့် (၈၉)နေရာတွင် ရပ်တည်နေသောအသင်း တစ်သင်းလည်းဖြစ်သည်။

ဆီးရီးယားအသင်းအား နည်းပြအဖြစ် အင်တာမီလန်၊ ပါးမား၊ မာလော့ကာ၊ ဘက်တစ်၊ အီဂျစ် အသင်းများ ကိုင်တွယ်ခဲ့သည့် ဝါရင့်နည်းပြ ဟက်တာကူးပါး တာဝန်ယူနေပြီး ၊ မြန်မာ့လက်ရွေးစင်အသင်းအား နည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ကိုင်တွယ်လေ့ကျင့်ပေးနေသည်။

မြန်မာ့လက်ရွေးစင်အသင်းအား ယခုမတ်လ (၁၁) ရက်တွင် စတင်၍ စခန်းသွင်းလေ့ကျင့်ကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here