တောင်ဥက္ကလာမြို့နယ်တွင် မတ်လ (၉)ရက် တစ်ညတည်းတွင် ယာဉ်မတော်တဆမှု (၂) ကြိမ် ဖြစ်ပွား

0
168

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်တွင် မတ်လ (၉)ရက် တစ်ညတည်းတွင် ယာဉ်မတော်တဆမှု (၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးနှင့် ရတနာလမ်းထောင့်တွင် လမ်းဘေးဓာတ်တိုင်အား KIA အမျိုးအစား အဖြူရောင်ယာဉ်မှ အရှိန်လွန် ဝင်ရောက်မိမှု ဖြစ်ပွားခဲ့ကြောင်း AYT – Rescue Organization Group Dawbon Yangon Myanmar မှ သိရသည်။

အဆိုပါ ယာဉ်တို-က်မှု ဖြစ်စဉ်မှာ မတ်လ(၁၀)ရက် နံနက်အစောပိုင်း (၁)နာရီ၊ (၄၅)မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ကားနှင့် ဓါတ်တိုင်မှာ ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ (၉)ရက်၊ ည (၁၀)နာရီ၊ (၁၅)မိနစ်အချိန်ခန့်က တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် ငွေကြာယံ (၁၂)လမ်းထိပ်တွင် ယာဉ်တစ်စီးမှ အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တို-က်မိမှု ဖြစ်ပွားခဲ့သေးကြောင်းလည်း ဆန်ရေလူမှုကူညီရေးအဖွဲ့မှ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မှာ လမ်းဘေးပလက်ဖောင်းပေါ် အရှိန်လွန် ရောက်ရှိခဲ့ပြီး သစ်ပင်အား ဝင်တို-က်မိခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here