ယူကရိန်းအနေဖြင့် စေ့စပ်ညှိနှိုင်းရန်သတ္တိရှိသင့်–ပုပ်ရဟန်းမင်းကြီး

0
169

ဗာတီကန်၊မတ် ၁၀

ယူကရိန်းအနေဖြင့် စေ့စပ်ညှိနှိုင်းရန်သတ္တိရှိသင့်သည်ဟု ပုပ်ရဟန်းမင်းကြီးကပြောကြားခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်ကစတင်ကာ လူပေါင်းသောင်းချီ‌ေ-သဆုံးခဲ့ပြီဖြစ်သည့် ရုရှား – ယူကရိန်းစစ်အားအဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်သင့်သည်ဟုလည်းပြောကြားခဲ့သည်။

တုကီယေးသမ္မတအာဒိုဂန်ကလည်း ယူကရိန်းသမ္မတ ဇလန်းစကီးနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှား – ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆင်သင့်ရှိနေကြောင်းထပ်လောင်းပြောကြားခဲ့သည်။

သမ္မတဇလန်းစကီးကမူ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးလိုလားသော်လည်း ပိုင်နက်နယ်မြေကိုမူ အဆုံးရှုံးမခံနိုင်ဟုပြောကြားခဲ့သည်။ယူကရိန်း၏ ကိုယ်ပိုင်ငြိမ်းချမ်းရေးအစီအစဉ်၌ ရုရှားတပ်များလုံးဝဆုတ်ခွာရေးနှင့် နယ်စပ် ဒေသများကို ပြန်လည်ထူထောင်ရေးတို့ပါဝင်ပြီး ကိဗ်သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ရန် ခရင်မလင်ကပယ်ချခဲ့သည်ဟုလည်းသိရသည်။

ပုပ်ရဟန်းမင်းကြီး၏ ယခုပြောကြားချက်အပေါ် ယူကရိန်းသမ္မတ၏ပြောရေးဆိုခွင့်ရှိသူက မတုန့်ပြန်သေးကြောင်း သိရသည်။

“ကိုယ့်ဘက်က အရှုံးအနိုင် မသေချာမှုတွေရှိလာရင် စေ့စပ်ညှိနှိုင်းရဲရမှာပါ၊တကယ်တော့ “စေ့စပ်ညှိနှိုင်း” ဆိုတဲ့စကားက အင်မတန်သတ္တိရှိစေတဲ့စကားပါ၊အခြေနေတွေအခုထက်ပိုမဆိုးခင် ညှိနှိုင်းသင့်ရင်ညှိနှိုင်းရပါလိမ့်မယ်” ဟုလည်း ပုပ်ရဟန်းမင်းကြီးကဆိုသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here