ထုတ်ကုန်များ၏ မမြင်နိုင်သည့် ဓာတ်ပြောင်းလဲမှု ဆိုင်ရာအချက်အလက်များကို စားသုံးသူများသို့ ထင်ရှားစွာဖော်ပြရန် အသိပေး

0
108

ကုန်စည်ရောင်းချသူများအနေဖြင့် ထုတ်ကုန်များတွင် မမြင်နိုင်သည့် ဓာတ်ပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စားသုံးသူများသို့ ထင်ရှားစွာဖော်ပြရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားကြောင်း သိရသည်။

စားသုံးသူရေးရာဥပဒေအရ သဘာဝဓာတ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အချက်အလက်များကို စားသုံးသူများသို့ ထင်ရှားစွာ အသိပေးရမည်ဖြစ်ပြီး ကုန်စည်အာမခံချက်(၇) ချက်နှင့်အညီ လိုက်နာလုပ်ဆောင်ကြရန် အသိပေးထားသည်။

ယင်းကုန်စည်အာမခံချက်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များမှ မိမိရောင်းချမည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ စားသုံးသူမှ လက်ခံသုံးစွဲနိုင်သည့် အရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး အချိန်အတွယ် ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစွာ ရောင်းချခြင်း၊ ကုန်ပစ္စည်းနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြသည့်အတိုင်း တူညီစွာပါရှိခြင်း၊ ကုန်ပစ္စည်း အာမခံချက်ပေးထားသည့် ကာလ (သို့မဟုတ်) အသုံးပြုနိုင်မည့် ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည် ပြုပြင်နိုင်ခြင်း (သို့မဟုတ်) လဲလှယ်နိုင်ခြင်းနှင့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်၊ ကြော်ငြာကမ်းလှမ်းချက် (သို့မဟုတ်) အရောင်းမြှင့်တင်ခြင်တို့ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here