ပါကစ္စတန်သမ္မတဟောင်း ဇာဒါရီ ဒုတိယသက်တမ်း ရွေးချယ်ခံရ

0
160

ပြည်ထောင်စုလွှတ်တော်နဲ့ ဒေသဆိုင်ရာလွှတ်တော်တွေရဲ့ မဲပေးရွေးချယ်ခဲ့မှုမှာ အာဏာရ ညွှန်ပေါင်းအဖွဲ့က ထောက်ခံခဲ့မှုနဲ့အတူ ပါကစ္စတန် သမ္မတဟောင်း အဆစ်ဖ် အလီဇာဒါရီဟာ စနေနေ့မှာ ဒုတိယမြောက်သက်တမ်းအတွက် အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကြီးကြပ်အရာရှိက ပြောဆိုပါတယ်။

ပါကစ္စတန်မှာ သမ္မတရာထူးကဏ္ဍဟာ ဂုဏ်ပြုခံအနေအထားသာဖြစ်ပေမယ့် ဇာဒါရီဟာ ရင်ကြားစေ့ရေး အကြီးအကဲတစ်ဦးအဖြစ် လူသိများပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံက ထောက်ပံ့မှုအသစ် မရှာဖွေမီ ပျက်ယွင်းနေတဲ့ နိုင်ငံ့စီးပွားရေးကို တည်ငြိမ်တဲ့လမ်းကြောင်းပေါ် ထိန်းကျောင်းနိုင်စေဖို့ အစိုးရညွှန့်ပေါင်းလုပ်ဖော်ကိုင်ဖက်တွေအကြား သဘောတူညီချက်ရရှိရေး အကူအညီပေးနိုင်သူဖြစ်ပါတယ်။

သမ္မတတစ်ယောက်အနေနဲ့ ဇာဒါရီဟာ အစိုးရတွေ ထူထောင်ခြင်း သို့မဟုတ် ဖြိုခွင်းခြင်းတွေမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ်လာမှာဖြစ်ပါတယ်။

သမ္မတ မဲပေးရွေးကောက်မှုမှာ အနိုင်ရရှိသူကို ရွေးကောက်ပွဲ ကြီးကြပ်ရေးအရာရှိ တရားသူကြီး အမ်မီယာ ဖာရွတ်က ရုပ်သံကနေ တိုက်ရိုက်လွှင့်ကြေညာခဲ့တာဖြစ်ပါတယ်။ ဇာဒါရီဟာ ထောက်ခံမဲ ၄၁၁ မဲရခဲ့ပြီး ပြိုင်ဘက် အမျိုးသားရေးဝါဒီခေါင်းဆောင် မိုဟာမွတ်ခန်း အာချတ်ဇိုင်းကထောက်ခံမဲ ၁၈၁ မဲပဲရခဲ့တာကြောင့် အလွယ်တကူအနိုင်ရရှိခဲ့ပါတယ်။ အာချတ်ဇိုင်းဟာ ထောင်ဒဏ်ကျ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ ပါတီက ထောက်ခံခဲ့သူဖြစ်ပါတယ်။

သမ္မတရာထူးကို အောက်လွှတ်တော်၊ အထက်လွှတ်တော်နှစ်ရပ်နဲ့ ပြည်နယ် လွှတ်တော်လေးခုက မဲပေးရွေးချယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဇာဒါရီဟာ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ ခင်ပွန်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက အ‌ေ-သခံဗုံးခွဲမှုတစ်ခုအတွင်း ဇနီးဖြစ်သူ လုပ်-ကြံ-သ-တ်ဖြ-တ်ခံခဲ့ရပြီးနောက် နိုင်ငံရေးရာထူးရယူခဲ့ကာ သူမရဲ့ ဆန္ဒအရ PPP ပါတီကို ထိန်းချုပ်စီမံသူဖြစ်လာခဲ့ပါတယ်။

Ref: U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here