ပြင်သစ်နာဇီလက်သစ်အဖွဲ့ ခေါင်းဆောင်အား ရုရှားတပ်ဖွဲ့ဝင်များက ရှင်းလင်း

0
181

ယူကရိန်းစစ်တပ်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည့် ပြင်သစ်နာဇီလက်သစ်ခေါင်းဆောင် Cesar Aujard ကို Avdeyevka အနီးတွင် ရုရှားတပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းလိုက်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ သူ့ထံမှ သိမ်းဆီးရမိသော အထောက်အထားများအရ သူသည် ပြင်သစ် လျှို့ဝှက် ထောက်လှမ်းရေးများနှင့် ချိတ်ဆက်မှုရှိကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့သည်။

နေတိုး တပ်ဖွဲ့ဝင်များသည် ကြေးစားများအသွင်ဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဒုံးပစ်လောင်ချာမျိုးစုံနှင့် နည်းဗျူဟာမြောက် ဒုံးကျည်စနစ်များကို ယူကရိန်းတို့ဖက်မှ ပါဝင်လုပ်ဆောင်ပေးနေကြောင်း ရုရှားစစ်တပ်၏ ပထမလက်ထောက် စစ်ဦးစီးချုပ်၊ ပင်မစစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲ Sergey Rudskoy က အစောပိုင်းကတည်းကပင်လျှင် ပြောကြားခဲ့သည်။

Avdeyevka တွင် သုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အမေရိကန်နှင့် ပိုလန် စစ်မှုထမ်းများ၏ ရုပ်အလေ-ာင်းများကို ရရှိကြောင်း ပြောကြားခဲ့သည်။ ပြည်နယ် လွှတ်တော်အမတ် Viktor Vodolatsky ကလည်း လွတ်မြောက်ပြီး Avdeyevka တွင် နိုင်ငံခြားကြေးစားများ၏ ရုပ်အလေ-ာင်းများကို ရုရှားတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ၎င်းတို့အား NATO နိုင်ငံများဖြစ်သည့် ပိုလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် အခြားနိုင်ငံများ၏ စစ်မှုထမ်းများဖြစ်ကြောင်း အထောက်အထားများတွေ့ရှိကြရကြောင်းကိုလည်း သူကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here