မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်

0
157

လေဆိပ်ကို ယာယီပိတ်လိုက်သည်ဟု သတင်းထွက်ခဲ့သည့် မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မတ်လ (၇) ရက်က စတင်ကာ ကချင်ပြည်နယ် ၊ မြစ်ကြီးနား ၊ ဝိုင်းမော်၊ လိုင်ဇာ အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး လုံခြုံရေးအခြေအနေအရ လေကြောင်းလိုင်းများ ယာယီရပ်နားလိုက်ရကြောင်း ယမန်နေ့က သတင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဗန်းမော် လေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဗန်းမော်လေဆိပ်ကို မတ်လ (၇) ရက်မှ စတင်ကာယာယီ ပိတ်ထားကြောင်း သိရသည်။

ယမန်နေ့ မတ်လ (၉) ရက် နံနက်အစေပိုင်းက မြစ်ကြီးနားမြို့နှင့် မြို့အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် လေယာဉ်ကွင်းကို တစ်ရက်တာ ပိတ်ခဲ့ပြီး ယနေ့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here