နေပြည်တော်၊ ပဲခူး၊ ကချင်၊ ရှမ်းတောင်နှင့် အရှေ့ပိုင်းတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်

0
168

လာမည့် (၂)ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ မတ်လ (၁၀)ရက် ညနေပိုင်းက ထုတ်ပြန်အသိပေးထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

မနက်ဖြန်နံနက်အထိ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရွာနှုန်း(၆၀)ဖြစ်ကာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် တိမ်အသင့်
အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်သာယာမည်ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အနီးတစ်ဝိုက် မနက်ဖြန်နံနက်အထိ အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်သည်။

နိုင်ငံတဝန်း တိုင်းနှင့် ပြည်နယ်အချို့တွင် ၂၀၂၄ ခုနှစ် မတ်လ (၁၅) ရက် နောက်ပိုင်းမှ စတင်၍ နေ့အပူချိန်များ မြင့်တက်လာပြီး အမြင့်ဆုံးအပူချိန် ၄၀°C အထက် (ခရမ်း ရောင်)ဖြစ်လာနိုင်သောကြောင့် အပူပြင်းလာနိုင်သော ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အထူးသတိ ထားကြရန်လည်း မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here