တောင်ငူမြို့တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ သစ်ပင်အား ဝင်တို-က်၊ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာများရ

0
112

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိမှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးမှာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။

မတ်လ (၁၀)ရက်၊ ည (၁၀) နာရီ (၂)မိနစ်အချိန်ခန့်က တောင်ငူမြို့နယ် ကန်ရိုးသုသာန်ရှေ့တွင် Fit shuttle အဖြူရောင်မှာ မောင်းနှင်လာရာ အရှိန်လွန်ပြီး လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးမှာ (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ပရဟိတအသင်းအဖွဲ့ Ambulance ယာဉ်များဖြင့် တောင်ငူဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here