မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ (၁၃) သန်းကျော်ရအပြီးကုန်သွယ်မှု ရပ်တန့်နေသဖြင့်ယခင်နှစ်ထက်ကုန်သွယ်မူတဝက်ခန့် လျော့

0
122

တိုက်ပွဲများကြောင့် ရပ်တန့်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ (၁၃) သန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ မတ်လ (၁) ရက်အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၁၃ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈၉ သန်းနှင့်  စုစုပေါင်း ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၀၂ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကာလတူတွင် စုစုပေါင်း ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃၉၀ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ထက်ဝက်လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီး ချင်း(အစို)၊ ကြက်သွန်နီ၊ ပဲ၊ နနွင်းတက်၊ ဇီးသီးခြောက်၊ မန်းကျည်းနှင့် အခြားစိုက်ပျိုးရေးဘထွက်ကုန်မျအပြင် ရေချို၊ ရေငန်ငါးမျိုးစုံကို အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here