ဂျပန်က မြန်မာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ဒေါ်လာ ၃၇ သန်းထပ်မံပေးအပ်မည်

0
147

တိုကျို၊မတ် ၁၀

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်းဒေါ်လာ ၃၇ သန်းခန့်အထိပေးအပ်ရန်ဆုံးဖြတ်ခဲ့ကြောင်းလည်းသိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခါမိခဝယိုကိုသည် သောကြာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးပြဿနာများဖြစ်‌ပေါ်ခဲ့ပြီး သုံးနှစ်အကြာတွင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေမှာ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသေးသည်ဟုလည်းဆိုသည်။

ဂျပန်အစိုးရအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့အပြင် အင်န်ဂျီအိုအဖွဲ့အစည်းများစသည့် နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် အကူအညီများပေးအပ်သွားရန် စီစဉ်လျက်ရှိသည်ဟုလည်းသိရသည်။

ထောက်ပံ့ကူညီမှုတွင် အစားအသောက်နှင့်ဆေးဝါးဖြန့်ဖြူးရေး၊ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများအပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအတွက် အာဟာရမြှင့်တင်ပေးမှုအစီအစဉ်များလည်းပါဝင်မည်ဖြစ်သည်။ အခက်အခဲကြုံတွေ့နေရသူများ၏ လိုအပ်ချက်များအား ဂရုတစိုက်ကြည့်ရှုရင်းနှင့် ဂျပန်နိုင်ငံသည် မြန်မာပြည်သူများဘက်မှ ဆက်လက်ရပ်တည်သွားမည်ဟုလည်း ၎င်းကဆိုခဲ့သည်။

Source : အင်န်အိတ်ခ်ျကေ


LEAVE A REPLY

Please enter your comment!
Please enter your name here