ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့မှ ထားဝယ်မြို့တွင် လူနာ(၂၀၀၀)ကျော်အား ဆေးကုသမှုပေး

0
122

ကျန်းမာရေးဝန်ကြီးဌာန ၊ အထူးကုဆေးကုသရေးအဖွဲ့သည် မတ်လ (၈) ရက်မှ မတ်လ(၁၀) ရက်အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး လူနာ (၂,၇၂၄)ဦးတို့ကို ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးကုဆေးကုသရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းနှင့်အနီးတဝိုက်ရှိ မြို့နယ် (၅)မြို့နယ်မှ နှလုံးရောဂါဆိုင်ရာလူနာ (၁၉၄)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၂၅၄)ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ (၁၉၅)ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ (၁၃၆)ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ (၂၃၅) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၁၃၇) ဦး၊ အထွေထွေရောဂါဆေးပညာ လူနာ (၂၇၉) ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ (၂၉)ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ (၈၀၈)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ(၄၃၁)ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၉)ဦး၊ က-လေးရောဂါလူနာ (၁၇)ဦး၊ စုစုပေါင်းလူနာ (၂,၇၂၄) ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ရာ ပြည်သူများ လာရောက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) (၃၃)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း(OGDS) (၁၆)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) (၄)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း (၁၀)ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၂၃)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၄၂၁)ဦး ဓာတ်ခွဲ စမ်းသပ်ခြင်း (၅၈၂)ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း (၉၀)ဦး၊ Ultrasound ရိုက်ကူးခြင်း (၂၆၂)ဦး ကို ကြည့်ရှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နှလုံးစက် ဖြင့်စစ်ဆေးခြင်း(ECG) (၆၈၄)ဦးအား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ကင်ဆာရောဂါဆိုင်ရာ လူနာ (၁)ဦး၊ နှလုံးရောဂါဆိုင်ရာ လူနာ(၅)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဆိုင်ရာလူနာ (၉)ဦး၊ ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာလူနာ (၃)ဦးတို့အား လိုအပ်သည့် စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ မတ်လ (၉)ရက်နေ့၊ နံနက်ပိုင်းတွင်အထူးကုဆေးကုသရေး အစီအစဉ်သို့ လာရောက်ပြသကုသမှုခံယူကြသူများအား တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here