ပြင်သစ်သမ္မတ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ယူကရိန်းသို့ သွားရောက်မည်

0
91

ပြင်သစ်သမ္မတ အင်မန်နျူယယ်မက်ခရွန်သည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ကိယက်ဗ်သို့ သွားရောက်မည်ဖြစ်ကြောင်း Elysee နန်းတော်အား ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးနှင့် ပြင်သစ်သမ္မတို့ တနင်္ဂနွေနေ့က ဖုန်းခေါ်ဆိုမှုအပြီးတွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သတင်းအေဂျင်စီက ဆိုသည်။

AFP ၏အဆိုအရ ခေါင်းဆောင်နှစ်ဦးသည် ဆိုက်ဘာလုံခြုံရေး၊ မိုင်းတူးဖော်ရေး၊ လက်နက်ထုတ်လုပ်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတို့ကို နက်ရှိုင်းစွာလုပ်ဆောင်ရန် ၎င်းတို့၏ကတိကဝတ်ကို ယင်းဖုန်းခေါ်ဆိုမှုအတွင်း ထပ်မံအတည်ပြုခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်က ယူကရိန်းသမ္မတ၏ ပါရီခရီးစဉ်အတွင်း မက်ခရွန်နှင့် ဇလန်းစကီးတို့သည် နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here