ကောင်စစ်ရေးရာကိစ္စများအတွက် ငွေပိုမသွင်းကြရန်နှင့် ပိုသွင်းသည့် ငွေများ ပြန်အမ်းမည်မဟုတ်ကြောင်း တိုကျိုရှိ မြန်မာသံရုံး အသိပေး

0
205

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် သံရုံး၏ ကောင်စစ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပေးသွင်းရမည့် ငွေပမာဏထက် ပိုမိုမပေးသွင်းရန်နှင့် ပမာဏအတိအကိုသာ ပေးသွင်းရန် တိုကျိုရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၌ ကောင်စစ်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပေးသွင်းရသည့် ဗီဇာကြေး၊ နိုင်ငံကူးလက်မှတ်စာအုပ်ကြေး၊ ပျောက်ဆုံးဒဏ်ကြေး၊ ဝင်ငွေခွန် စသည်တို့ကို ပေးသွင်းရမည့် ပမာဏအတိုင်း အတိအကျပေးသွင်းရန် အသိပေးထားသည်။

ပိုမိုပေးသွင်းခဲ့သည့် ကိစ္စရပ်များတွင် ငွေပြန်လည်ထုတ်ပေးရေးအတွက် အခက်အခဲရှိသည့်အတွက် သံရုံးငွေစာရင်းသို့ ‌ပိုမိုပေးသွင်းခြင်း မပြုမိစေရေးအထူးဂရုပြုဆောင်ရွက်ပေးကြရန် အသိပေးထားသည်။

ထိုသို့ အသိပေးထားသော်လည်း ပေးသွင်းရမယ့် ငွေပမာဏထက် ပိုမိုပေးသွင်းနေမှုများ ရှိနေဆဲဖြစ်ပြီး ယင်းကဲ့သို့ ပိုမိုပေးသွင်းသည့် ငွေများကိုလည်း ပြန်လည်ထုတ်ပေးသွားမည်မဟုတ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here