တစ်ပတ်အတွင်း ကိုဗစ် (၁၉) ရောဂါကူးစက်ခံရသည့် လူနာ (၃၆) ဦး တွေ့ရှိ

0
162

မတ်လ (၁၁) ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ် (၁၉) ရောဂါ တစ်ပတ်အတွင်း ကူးစက်ခံရသူ (၃၆) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ပြီးခဲ့သည့် မတ်လ (၃) ရက် ည (၈) နာရီမှ မတ်လ(၁၀) ရက် ည (၈) နာရီအထိ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ (၂၀၇၆၀) ခုအား စစ် ဆေးခဲ့ရာမှ တွေ့ရှိရသည့် အတည်ပြုလူနာများဖြစ်ကြောင်း သိရသည်။

အဆိုပါ အရေအတွက်အရ ရောဂါပိုးကူးစက်ခံရမှု ရာခိုင်နှုန်းမှာ (၀.၁၇) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်(၁၉) ရောဂါကူးစက်ခံရမှုကြောင့် ‌ေ-သဆုံးသူမရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here