NATO အဖွဲ့ဝင်နိုင်ငံများအပေါ် ရုရှားထံမှ စစ်ရေးခြိမ်းခြောက်မှု လောလောဆယ် မတွေ့ရသေးဟု အတွင်းရေးမှူးချုပ်ဆို

0
148

NATO အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများအပေါ် ရုရှားထံမှ စစ်ရေးအရ ခြိမ်းခြောက်မှုတစ်ခုမျှ လောလောဆယ် မတွေ့ရသေးကြောင်း နေတိုး အထွေထွေ အတွင်းရေးမှူးချုပ် Jens Stoltenberg က ဘရပ်ဆဲလ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိကာလများအတွင်း NATO စစ်မဟာမိတ်အဖွဲ့အပေါ် ရုရှား၏ စစ်ရေးအရ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် သူက ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားထံမှ စစ်ရေးခြိမ်းခြောက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး သတိရှိရှိနေထိုင်ရန် Stoltenberg က အလေးပေးပြောကြားခဲ့သည်။ ၎င်း၏အမြင်အရ၊ လက်ရှိတွင် ရုရှားသည် ယူကရိန်းနှင့် စစ်မက်ဖြစ်ပွားနေသောကြောင့် NATO စစ်မဟာမိတ်အဖွဲ့ကို ခြိမ်းခြောက်ခြင်းမပြုနိုင်သေးကြောင်း ဆိုသည်။

ဘယ်လ်ဂျီယံနိုင်ငံ၏မြို့တော် ဘရပ်ဆဲလ်မြို့ရှိ NATO ဌာနချုပ်တွင် ဆွီဒင်အလံကို ယမန်နေ့ တနင်္လာနေ့က တရားဝင် လွှင့်ထူခဲ့သည်။ ဆွီဒင်သည် NATO ၏ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here