တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာ ဆက်လက်ဖြေဆို

0
144

၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ (၁၁) ရက်က စတင်ဖြေဆိုခဲ့ပြီး ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကိုဆက်လက်ဖြေဆိုနေကြခြင်းဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်း၌ စာစစ်ဌာနပေါင်း ၇၉၄ ခု ဖွင့်လှစ်ထားရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ စာရင်းရှိဦးရေ ၁၄ ၆,၅၂၃ ဦးအနက် လာရောက်ဖြေဆိုသူ ဦးရေမှာ ၁၂၈,၈၀၁ ဦးရှိသည့်အတွက် ဖြေဆိုရာခိုင်နှုန်းမှာ ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ပြင် စာမေးပွဲမေးခွန်းပုံစံသည် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အနည်းငယ်ကွာခြားမှုရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here