ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိထား

0
147

မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများပြည်ပသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၈ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် နှစ်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၅၃ ဘီလီယံကျော်ရရှိထားပြီး နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂၄၇ ဒသမ ၀၈၃ သန်းလျော့ကျခဲ့ကြောင်းလည်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့‌ဆောင်သည့်အနက်မှ လယ်ယာထွက်ကုန် တင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့်ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီးသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကိုလည်း တင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအားတရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here