အင်ဒိုနီးရှား၌ ရေကြီးမြေပြို ၊ ‌ေ-သဆုံးသူ ၂၆ ဦးအထိရှိလာ

0
89

ဂျကာတာ၊မတ် ၁၁

ဆူမားတြားကျွန်း၌ လတ်တလောဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ‌ေ-သဆုံးသူ ၂၆ ဦးအထိရှိလာကာ ၁၁ ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ဆူမားတြားအနောက်ဘက်ဒေသများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေလျှံကာ မြေပြိုမှုများလည်းဖြစ်ပေါ်ခဲ့ပြီး အိမ်များမြေမြုပ်သွားကြောင်း သိရသည်။

“အခုအထိ ၂၆ ဦး‌ေ-သဆုံးပြီး ၁၁ ဦးပျောက်ဆုံးနေပါသေးတယ်၊ Pesisir Selaton ခရိုင်မှာဆိုရင် ၂၃ ဦးကို‌ေ-သဆုံးလျက်တွေ့ရှိရပြီး ၆ ဦးပျောက်နေပါသေးတယ်” ဟုလည်းအာဏာပိုင်များကဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်တိုက်လုပ်ဆောင်နေပေမဲ့ မီးမရတာတွေနဲ့ရာသီဥတုဆိုးရွားတာတွေကြောင့် ထင်သလောက်ခရီးမပေါက်ဖြစ်နေတာပါဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေအရအ‌ေ-သအပျောက် များလာနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့၏ပြောကြားချက်အရသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here