တောင်ကိုရီးယား၌ နှုတ်ထွက်သူ ဆန္ဒပြဆရာဝန် ၄,၉၀၀ ၏ ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းရေး စတင်

0
140

ဆိုးလ်၊မတ် ၁၂

တောင်ကိုရီးယား၌ ကျန်းမာရေးကဏ္ဍ အတွက် ဗရုတ်ဗရက်ဖြစ်စေခဲ့ပြီး လူ‌ေ-သဆုံးသည်အထိဖြစ်စေခဲ့သော ဆရာဝန်များ၏ ဆန္ဒပြမှုများ‌အပေါ် ပြစ်ဒဏ်များကို စတင်ချမှတ်နေပြီဖြစ်ကြောင်း အစိုးရကပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ဆန္ဒပြအလုပ်သင်ဆရာဝန်ပေါင်း ၄,၉၀၀ ၏ ဆေးကုသခွင့်လိုင်စင် ရုတ်သိမ်းခြင်းကိုစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဆန္ဒပြမှုသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ ဆေးကျောင်းသားတိုးမြှင့်ခေါ်ယူရေးအစီအစဉ်ကို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။၎င်းတို့က ယခုကဲ့သို့ ဆေးကျောင်းသားများကို ပိုမို ခေါ်ယူခြင်းသည် ဆရာဝန်လိုအပ်ချက်အားကာကွယ်နိုင်သည်ထက် ဆေးကုသမှုအရည်အသွေးကိုသာ လျော့ကျသွားစေနိုင်သည်ဟူ၍ ဆန္ဒပြခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၉ ရက် ကို နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ရန် ဆရာဝန်များအားညွှန်ကြားထားသော်လည်း အလုပ်သင်ဆရာဝန်ပေါင်း ၁၂,၀၀၀ သည် လုပ်ငန်းခွင်သို့ပြန်မဝင်ခဲ့ကြပေ။

အစိုးရက ဆရာဝန်များအနေဖြင့် အချိန်မှီလုပ်ငန်းခွင်ပြန်မဝင်ပါက အထူးကုဖြစ်ချိန်တစ်နှစ်နောက်ကျသွားစေမည့် ဆေးကုသခွင့်လိုင်စင်သုံးလပိတ်သိမ်းခြင်းကိုပါလုပ်ဆောင်မည်ဖြစ်ကြောင်းအသိပေးခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။

တောင်ကိုရီးယားရှိ ဆရာဝန်များဆန္ဒပြသဖြင့် ဆေးရုံများ၌ အကျပ်အတည်းများဖြင့်ရင်ဆိုင်နေရကာ အရေးကြီးကုသရန်လိုအပ်သူများနှင့် အရေးပေါ်ခွဲစိတ်ကုသမှုလုပ်ဆောင်ရန်လိုအပ်သူများအတွက် အခက်အခဲဖြစ်ပေါ်နေကြရပြီး ‌ေ-သဆုံးသူလည်း များလာသည်ဟုသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here