ဟောင်ကောင်၌ ဖန်ပုလင်းထဲတွင် က-လေးအလေ-ာင်း ၂ ခု တွေ့

0
189

ဟောင်ကောင်၊မတ် ၁၀

ဟောင်ကောင်၌ တိုက်ခန်းတစ်ခုအတွင်းရှိ ဖန်ပုလင်းထဲတွင် အလေ-ာင်းတွေ့ရှိခဲ့သည့် က-လေးငယ်နှစ်ဦးမှာ ယောက်ျားလေးများဖြစ်ပြီး တစ်ဦးမှာ ၂၀၂၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကျန်တစ်ဦးမှာ ၂၀၂၂  ခုနှစ်က‌ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်အား ဟောင်ကောင်တရားရုံးက တနင်္လာနေ့တွင် ကြားနာစစ်ဆေးခဲ့ပြီးနောက် တရားခံများအဖြစ်သံသယရှိသော ၎င်းတို့၏မိဘများဖြစ်နိုင်သည့် စုံတွဲတစ်တွဲအားတရားစွဲဆိုထားကြောင်းသိရသည်။

က-လေးငယ်များ၏ မိဘများအဖြစ် သံသယရှိသူများသည် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး က-လေးငယ်များ၏အလေ-ာင်းကို ထည့်ထားသည့် ပုလင်းများမှာ အမြင့် ၃၀ စင်တီမီတာ(၁ပေ) ခန့် ရှိကာ အလေ-ာင်းများတွင်ထင်ရှားသည့်ဒဏ်ရာများမတွေ့ရှိရကြောင်း တာဝန်ရှိသူများက မတ်လ ၉ ရက်ကပြောကြားခဲ့သည်။

အဆိုပါစုံတွဲပြောင်းရွှေ့သွားချိန်၌ အခန်းပိုင်ရှင်၏ညွှန်ကြားမှုကြောင့် သန့်ရှင်းရေးဝင်လုပ်သည့် အလုပ်သမား၏ပြောကြားချက်အရ က-လေးငယ်များကိုထည့်ထားသည့် ပုလင်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်းစုံတွဲအား ဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here