ရုရှား၌ဖမ်းထားသည့် တောင်ကိုရီးယားသားအား သူလျှိုမှုဖြင့်စွဲချက်တင်

0
95

မော်စကို၊မတ် ၁၂

ယခုနှစ်ဆန်းပိုင်းက သူလျှိုလုပ်
သည်ဟူသော သံသယဖြင့် ရုရှား၌ဖမ်းဆီးခံခဲ့ရသည့် တောင်ကိုရီးယားနိုင်ငံသားကို ဇွန်လလယ်အထိ အချုပ်ထဲတွင် ထိန်းသိမ်းထားရဦးမည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာ တာ့စ် က ဖော်ပြခဲ့ပြီး သူလျှိုမှုဖြင့်ဖမ်းဆီးခံရသူများအနက် တောင်ကိုရီးယားနိုင်ငံသားအဖမ်းခံရမှုသည် ပထမဆုံးဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

အဆိုပါတောင်ကိုရီးယားနိုင်ငံသား Bark – Wo soon အား ယခုနှစ် ဇန်နဝါရီလက ဗလာဒီဗိုစတော့ခ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဖေဖော်ဝါရီတွင် မော်စကိုသို့ခေါ်ဆောင်သွားခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ၎င်းအား Lefortovo အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး တနင်္လာနေ့တွင် တရားရုံးက ၎င်းကို ထိန်းသိမ်းထားမှုအား ဇွန်လ ၁၅ ရက်အထိ သက်တမ်း ထပ်တိုးရန် အမိန့်ချခဲ့သည်ဟု တာစ့် သတင်းဌာန ကပြောကြားခဲ့သည်။

အဆိုပါသံသယရှိသူ တရားခံသည် နိုင်ငံခြား ထောက်လှမ်းရေးဌာနများသို့ နိုင်ငံတော်လျှို့ဝှက်ချက်များကို လွှဲပြောင်းပေးခဲ့သည် ဟု အမည်မဖော်လိုသည့် တရားဥပဒေ စိုးမိုးရေး အရာရှိတစ်ဦးကဆိုပြီးအဆိုပါကိစ္စအား “ထိပ်တန်းလျှို့ဝှက်ချက်” ဟု ခေါင်းစဉ်တပ်ထားကြောင်းဆိုခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထပ်မံထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပေ။

ရုရှားသည် ယူကရိန်းသို့ တောင်
ကိုရီးယား၏ထောက်ပံ့ပေးမှုများကြောင့် တောင်ကိုရီးယားနိုင်ငံအား ရန်သူ့အားပေးနိုင်ငံအဖြစ်သတ်မှတ်ထားခြင်းလည်းဖြစ်သည်။

တဆက်တည်းမှာပင် မော်စကိုကလည်း ပြုံယမ်းနှင့်ဆက်ဆံရေးမြှင့်တင်ခဲ့ပြီး အမေရိက ကမူ ပြုံယမ်းသည် မော်စကိုသို့လက်နက်ထောက်ပံ့ပေးနေသည်ဟုဆိုခဲ့သည်။

ပြုံယမ်းနှင့်မော်စကိုတို့က အဆိုပါစွပ်စွဲချက်အား ငြင်းဆိုထားသော်လည်း ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကိုလည်းကတိပြုထားကြသည်။

Source : အေပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here