မုဒုံမြို့နယ် ဓာတ်တော်တိုက်ကျောင်းတွင် ဓာတ်တော်ပေါင်းစုံ ပူဇော်ပွဲ(၇) ရက်ကြာ ကျင်းပပြုလုပ်

0
149

မွန်ပြည်နယ်၊ ‌မုဒုံမြို့နယ် ၊ ကမာဝက်မြို့ရှိ ဓာတ်တော်တိုက်ကျောင်းအတွင်း ဓာတ်တော်ပေါင်းစုံ ပူဇော်ပွဲတော်ကို မတ်လ (၈)ရက်မှ (၁၄)ရက်အထိ (၇)ရက် ကြာကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ပူဇော်ပွဲတော်ပွဲမှာ (၃၇) ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းတိုက်အတွင်းထားရှိသော ရဟန္တာအပေါင်း၏ ဓါတ်တော်မွေတော်များကို နှစ်စဉ်ပူဇော်ကန်တော့သည့် ဒေသတွင်း ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓါတ်တော်တိုက်ကျောင်းတွင် ဘုရားအမှူးရှိသော ရဟန္တာ၊ သူတော်မြတ်များ၏ အရိုးတော်၊ အသွေးတော်၊ အသားတော်များဖြင့် စီရင်ထားသည့် ဓါတ်တော်အများအပြားရှိကြောင်း သိရသည်။

ကမာဝက်မြို့တွင် ဓါတ်တော်ပေါင်းစုံပူဇော်ပွဲအပြင်၊ ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၊ နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီလှည့်လည် အပူဇော်ခံပွဲများသည် ထင်ရှားသောပွဲတော်များဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here