ကိုရီးယားစကားက ခက်ခဲပါတယ် အကယ်ဒမီ ပြေတီဦး

0
294

shooting-3

အခုလတ်တလောမှာ သရုပ်ဆောင် ပြေတီဦးတစ်ယောက် သေသွားပြီဆိုတဲ့ သတင်းတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရလို့ အမှန်ပဲလားဆိုပြီး ပြေတီဦးရဲ့ ပရိသတ် တွေက ပေါ်ပြူလာဂျာနယ်ကို ဖုန်းဆက်မေးမြန်းလာတာ ရှိနေပါတယ်။ ဒီလို ကောလာဟလသတင်းတွေကတော့ အွန်လိုင်းမှာ အမြဲပျံ့နှံ့လျက် ရှိနေပါတယ်။ ဒါကြောင့် ပြေတီဦး ရိုက်ကွင်းရှိရာသို့ ပေါ်ပြူလာ အဖွဲ့သားများ သွားရောက် သတင်းယူခဲ့ပါတယ်။ ပြေတီဦးက လတ်တလော မှာ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးတဲ့ “ကျွန်မချစ်သောယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားကို အိန္ဒြာကျော်ဇင်၊ ကိုရီးယားမင်းသမီး ဂျိုဂျင်ဟီးတို့နဲ့ ရိုက်ကူးနေတာ တွေ့ရပါ တယ်။ ဒီဇာတ်ကားမှာ ပြေတီဦးက အိန္ဒြာကျော်ဇင်ရဲ့ ခင်ပွန်းအဖြစ်သရုပ်ဆောင်ထားပြီး အိမ်ထောင်မကျခင်မှာ ကိုရီးယားမင်းသမီးနဲ့ ဇာတ်လမ်းရှိခဲ့တာကြောင့် ကိုရီးယားမင်းသမီးက မြန်မာနိုင်ငံကို လိုက်လာတဲ့အတွက် အိမ်ထောင်ရေး ပြဿနာတွေ ရှုပ်ထွေးတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

ပြေတီဦးက ကိုရီးယား မင်းသမီးနဲ့ တွဲဖက်သရုပ်ဆောင်မှာ ဖြစ်တာကြောင့် ကိုရီးယားဘာသာ စကားပြောရမှာဖြစ်ပြီး ရိုက်ကွင်းပေါ်မှာလည်း ကိုရီးယားဘာသာ စကားကို ကျက်နေတာတွေ့ရပါတယ်။ “ကိုရီးယားစာတွေတော့ ကျက်နေရတာပေါ့။ တစ်ခါမှလည်း ပြော လေ့ပြောထ မရှိဘူးလေ။ ကိုရီးယား ဇာတ်ကားတွေလည်း သိပ်အများကြီး မကြည့်ဖြစ်ဘူး။ ကလေးတွေအတွက်ကတော့ လွယ်တာပေါ့။ ကျွန်တော်တို့ အတွက်ကတော့ ခက်တာပေါ့’ လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ သူနဲ့ အတူသရုပ်ဆောင်တဲ့ ကိုရီးယားမင်းသမီးရဲ့ သရုပ်ဆောင်မှုအပေါ် သူ့ရဲ့အမြင်ကိုမေးတော့..

” သူ တအားကြိုးစားတယ်။ အိုက်တင်တွေလည်း သေချာလုပ်တယ်။ လုပ်လည်း လုပ်နိုင်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။ ပြေတီဦးက ဒါရိုက်တာဂျိုးနဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖို့ရှိသလို ဒီဇင်ဘာလမှာ မလေးရှားဒါရိုက်တာတစ်ဦးနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ရှိပြီး မင်းသမီးကတော့ ကိုရီးယားမင်းသမီးပဲ ဖြစ်မလား၊ မြန်မာမင်းသမီးပဲ ဖြစ်မလားဆိုတာ ရွေးချယ်နေဆဲပဲ ဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင် ၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here