ဟေတီရှိ အမေရိကန်သံရုံးကို လုံခြုံရေးတိုးမြှင့်ပြီး သံရုံးဝန်ထမ်းအချို့ကို လေကြောင်းမှ ခေါ်ထုတ်

0
156

ဟေတီနိုင်ငံရှိ အမေရိကန်သံရုံးသို့ တပ်ဖွဲ့ဝင်များပေးပို့ကာ လုံခြုံရေးတိုးမြှင့်ခဲ့ကြောင်းနဲ့ အရေးတကြီးမဟုတ်တဲ့ သံရုံးဝန်ထမ်းတွေကို နိုင်ငံမှ ထွက်ခွာခွင့်ပြုခဲ့ကြောင်း အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

သံရုံးဝန်းအတွင်း တပ်ဖွဲ့ဝင်တွေ ပေးပို့မှုနဲ့ သံရုံးဝန်ထမ်းတွေ ခေါ်ထုတ်မှုကို ရဟတ်ယာဉ်တွေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အမေရိကန်တောင်ပိုင်း စစ်ဋ္ဌာနချုပ်က ပြောဆိုပါတယ်။ ယင်းလုပ်ငန်းစဉ်အတွင်း စစ်ရဟတ်ယာဉ်တွေပေါ် ဟေတီနိုင်ငံသားတွေ လိုက်ပါခြင်းမရှိဖို့ ဂရုပြုဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လူဆိုးဂိုဏ်းတိုက်ခိုက်မှုတွေ ပိုမိုဆိုးဝါးလာတဲ့ ဟေတီမှာ အစိုးရအကြီးတန်းအရာရှိတွေ နိုင်ငံကနေ ထွက်ခွာနေကြဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို ချေဖျက်နိုင်ဖို့ ရည်ရွယ်ပုံရကြောင်း သိရပါတယ်။

မြို့တော် ပို့စ်အော်ပရင့်စ်ရှိ သံရုံးတဝိုက်ကို လူဆိုးဂိုဏ်းတွေက အဓိက ထိန်းချုပ်ထားကြောင်း သိရပါတယ်။

သံရုံးမှာ အမှုထမ်းတွေ လေကြောင်းကနေ အပို့၊ အထုတ်လုပ်တာကို ကမ္ဘာတစ်ဝန်းရှိ သရုံးလုံခြုံရေးတိုးမြှင့်ခြင်းဆိုင်ရာ မိမိတို့ရဲ့ ကျင့်ထုံးစံများနဲ့အညီ ဆောင်ရွက်ပြီး စစ်ရယာဉ်တွေပေါ်မှာ ဟေတီနိုင်ငံသားတွေ လိုက်ပါခြင်းမရှိခဲ့ဘူးလို့ တောင်ပိုင်းစစ်ဋ္ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ဟေတီရဲတပ်ဖွဲ့ကို အကူအညီပေးခြင်းနဲ့ ကုလသမဂ္ဂက ခွင့်ပြုထားတဲ့ လုံခြုံရေးဖြန့်ကျက်မှုမျိုး စီစဉ်ပေးခြင်းအပေါ် အာရုံစိုက်ထားဆဲဖြစ်ကြောင်း သို့ပေမယ့် အဆိုပါ ကြိုးပမ်းချက်တွေဟာ ယခုချိန်ထိ အောင်မြင်ခြင်း မရှိသေးကြောင်း ဆိုခဲ့ပါတယ်။

ဟေတီရဲ့ ဘေးကျပ်နံကျပ်အခြေအနေကြုံနေတဲ့ ဝန်ကြီးချုပ် အေရီယယ် ဟင်နရီဟာ မကြာခင်က ကင်ညာနိုင်ငံကို သွားရောက်ခဲ့ပြီး လူဆိုးဂိုဏ်းတွေကို တိုက်ထုတ်ရေးအတွက် ကင်ညာနိုင်ငံမှ ရဲတပ်ဖွဲ့ကို ကုလသမဂ္ဂ ထောက်ခံချက်ဖြင့် တပ်ဖြန့်ပေးဖို့ တွန်းအားပေးခဲ့ပါတယ်။ သို့ပေမယ့် ယင်းသို့ တပ်ဖြန့်မှုအစီအစဉ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီကြောင်း ကင်ညာတရားရုံးက ဇန်နဝါရီလမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here