မန္တလေးတွင် နေအိမ်အခန်းတစ်ခုအတွင်းမှ ပုပ်ပွ‌ေ-သဆုံးနေသည့် အမျိုးသမီး ရုပ်အလေ-ာင်းတွေ့ရှိ

0
187

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မီးရထားတိုက်တန်း တစ်ခုတွင် ‌ေ-သဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလေ-ာင်းတွေ့ရှိရာ မဏီစလ လူမှုကူညီရေးအသင်း (မန္တလေး)မှ သွားရောက်၍ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

ယနေ့ မတ်လ (၁၂) ရက်၊ နံနက် (၁၀) နာရီ ဝန်းကျင်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ၈၅ လမ်းနှင့်  ၈၆ လမ်း ကြားရှိ မီးရထားတိုက်တန်းမှ အခန်းတစ်ခုထဲတွင် အနံ့များရရှိနေကြောင်း ပတ်ဝန်းကျင်မှ သတင်းပေးချက်အရ သွားရောက်ခဲ့ကြောင်း သိရသည်။

“အခန်းထဲကနေ အနံ့တွေရနေတယ်လို့ အနီးနားက ပြည်သူတစ်ဦးရဲ့ သတင်းပေးမှုကြောင့် ‌ေ-သဆုံးနေတဲ့ ရုပ်အလေ-ာင်းကို ခက်ခက်ခဲခဲထုတ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး (OPD) သို့ ပို့ဆောင်ပြီး ထိုမှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။ ဖြစ်စဉ်တော့ မသိရသေးပါဘူး”ဟု အသင်းမှ ဆိုသည်။

အဆိုပါ အခန်းအတွင်း အမျိုးသမီးမှာ ပုပ်ပွ ‌ေ-သဆုံးရသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ သတင်းပေးသည့်အတွက် သွားရောက်ကူညီခဲ့ခြင်းသာ ဖြစ်ကြောင်း အသင်းက ဆိုသည်။

၎င်းပုပ်ပွ‌ေ-သဆုံးနေသည့် အမျိုးသမီးရုပ်အလေ-ာင်းအား မဏိစလ လူမှုကူညီရေးအသင်း(မန္တလေး)မှ မန္တလေးပြည်သူ့ဆေးရုံကြီး (OPD)သို့ ပို့ဆောင်ထားပြီး ထိုမှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here