အိန္ဒိယသည် နျူထိပ်ဖူးများစွာ သယ်ဆောင်နိုင်သော ဒုံးကျည်အားစမ်းသပ်

0
174

နူးဒေလီ၊မတ် ၁၁

နျူကလီယားထိပ်ဖူးများစွာ ကို တင်ဆောင်နိုင်သော ပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယနိုင်ငံက အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မတ်လ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

Multiple Independently Targetable Re-entry Vehicle (MIRV) နည်းပညာဖြင့်ပြုလုပ်ထားသော ပြည်တွင်းထုတ် Agni-5 ဒုံးကျည်အား ပထမဆုံးစမ်းသပ်ပစ်လွှတ်မှုအတွက် ဂုဏ်ယူကြောင်း ဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့သည်။

MIRV နည်းပညာဖြင့်ပြုလုပ်ထားသည့် Agni-5 ဒုံးကျည်သည် နျူကလီးယားထိပ်ဖူးများစွာကို တစ်ပြိုင်နက်သယ်ဆောင်နိုင်သောကြောင့် လေထဲတွင်ကွဲထွက်ကာ မတူညီသောပစ်မှတ်များကိုထိမှန်နိုင်သည့်နည်းပညာပါရှိသည်။

ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များအား ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း ယခင်ကတည်းက အိန္ဒိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထုတ်လုပ်သော Agni-5 ဒုံးကျည်အများအပြားကိုစမ်းသပ်ပစ်ခတ်ခဲ့ဖူးသည်။

အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်း အနောက်နိုင်ငံများနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခဲ့ပြီး အမေရိက၊ဂျပန်၊သြစတြေးလျတို့နှင့်အတူ Quad မဟာမိတ်အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here