ဟိမဝန္တာနယ်စပ်ပြည်နယ်သို့ မိုဒီသွားရောက်ခဲ့ခြင်းအပေါ် တရုတ်က ကန့်ကွက်ခဲ့မှုအား အိန္ဒိယ ပယ်ချ

0
209

သီတင်းပတ်ကုန်ပိုင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ သည် အရူနာချယ် ပရာဒေ့ရှ်ုပြည်နယ်သို့ သွားရောက်ခဲ့မှုအပေါ် တရုတ်က ကန့်ကွက်ခဲ့ခြင်းအား အင်္ဂါနေ့(မတ် ၁၂) မှာ အိန္ဒိယဘက်က ပယ်ချလိုက်ပြီး နိုင်ငံရဲ့ အရှေ့မြောက်နယ်စပ်ပြည်နယ်ဟာ အိန္ဒိယရဲ့ အရေးကြီးဆုံးနဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ယင်းဒေသမှာ မိုဒီရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ပေကျင်းက အလေးအနက် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက ပြောဆိုကာ အိန္ဒိယကို သံတမန်ကြောင်းအရ ကန့်ကွက်စာပို့ခဲ့အပြီး နောက်တစ်ရက်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ အထက်ပါအတိုင်း တုန့်ပြန်လာခဲ့တာဖြစ်ပါတယ်။ 

မိုဒီဟာ စနေနေ့က အရူနာချယ် ပရာဒေ့ရှ်ပြည်နယ်ကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဗျူဟာမြောက် နယ်စပ်ဧရိယာဖြစ်တဲ့ Tawang ကို ရာသီမရွေး အဆက်အသွယ်ပြုနိုင်မယ့် ဥမင်လှိုင်ခေါင်းတစ်ခု အပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါ ဥမင်လှိုင်ခေါင်းဟာ နယ်စပ်ဒေသရှိ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို ပိုမိုမြန်ဆန် ချောမွေမယ့် စီမံကိန်းတစ်ခုအဖြစ် မျှော်လင့်ထားကြောင်း သိရပါတယ်။

အရူနာချယ် ပရာဒေ့ရှ်ဟာ တိဘက်တောင်ပိုင်းဒေသရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ တရုတ်က အခိုင်အမာဆိုခဲ့ပြီး အိန္ဒိယကလည်း အရူနာချယ် ပရာဒေ့ရှ်ဟာ အိန္ဒိယရဲ့ အမြဲတမ်း အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုကာ တရုတ်ရဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။

အိန္ဒိယခေါင်းဆောင်တွေဟာ နိုင်ငံရဲ့ အခြားပြည်နယ်တွေကို သွားရောက်ကြသလိုပဲ အရူနာချယ် ပရာဒေ့ရှ်ကိုလည်း ရံဖန်ရံခါ သွားရောက်ကြကြောင်း၊ ဒီလိုသွားရောက်လည်ပတ်မှုတွေကို ကန့်ကွက်တာ ဒါမှမဟုတ် အိန္ဒိယရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပရောဂျက်တွေနဲ့ ပတ်သက်လို့ အကြောင်းပြချက် ပေးစရာမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ပြောဆိုခဲ့ပါတယ်။

Ref: TBS


LEAVE A REPLY

Please enter your comment!
Please enter your name here