မနမှော် နွံကန်ပြိုကျမှုမှ ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နား

0
154

ယမန်နေ့ မတ်လ(၁၂)ရက် နံနက်(၄)နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည့် မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက် နွံ့ကန်ပြိုကျမှုဖြစ်စဉ်တွင် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းကပင် ရပ်နားလိုက်ကြောင်း ဒေသတွင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

အဆိုပါ နွံကန်ပြိုကျမှုကြောင့် ကုမ္ပဏီလုပ်သား ဆယ်နှင့်ချီ ပျောက်ဆုံးနေပြီး စက်ယန္တရား အမြောက်အများလည်း နွံများနှင့်အတူ မျောပါသွားခဲ့သည့်အခြေအနေလည်း ဖြစ်သည်။

ပျောက်ဆုံးနေသူများမှာ ကုမ္ပဏီလုပ်သားများဖြစ်ပြီးအ‌ေ- လာင်းအချို့ကို ပြန်ရှာတွေ့ခဲ့သော်လည်း အများစုမှာ ပျောက်ဆုံးနေဆဲ အခြေအနေဖြစ်သည်။

ဆက်လက်ရှာဖွေရန်မလွယ်ကူသည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းကပင် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” ပါသွားတဲ့ ယန္တယားနဲ့ ကားတွေ အရဆိုရင် လူ(၂၀)ကျော်လောက် ဖြစ်နိုင်တယ်။ ဘတ်ဟိုးတွေနဲ့တော့ ရှာကြည့်သေးတယ်။ ကန်ကပေ (၁၀၀)လောက်နက်တော့ မလွယ်ဘူး။ မြေ စာပုံနဲ့ ရေဆိုရင် ရှာဖို့လွယ်ယ်ပေမယ့် နွံ့ဖြစ်နေတော့ရှာဖို့မလွယ်ဘူး။ ဒီအတိုင်းဘဲထားရတော့မှာ ပေါ့”ဟု ၎င်းကဆိုသည်။

အဆိုပါ မနမှော် နွံ့ကန်ပြို့ကျမှုကြောင့် ဘတ်ဟိုး(၈)စီး၊ မြေ သယ်ကား (၅)စီး၊ မိုင်းဆရာ((၅)ဦးနှင့် လုပ်ငန်းခွင်ကြီးကြပ်နေသူအချို့ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ကုမ္ပဏီဘက်မှပြောကြားမှုအပေါ် ၎င်းကတဆင့် ပြန်လည်ပြောပြ သည်။

” ပျောက်ဆုံးနေသူတွေက ကုမ္ပဏီဝန်ထမ်းတွေဘဲဗျ။ အပြင်လူတစ်ယောက်မှမပါဘူး။ လုပ်ကွက်ကတော့ လက်ရှိလုပ်နေတဲ့လုပ်ကွက်ပေါ့။ ည‌ဆိုင်းဆင်းတဲ့အထဲက သူတွေ ပါသွားတာ။ ဆွေမျိုးသားချင်းတွေထဲက ပျောက်နေတာဆိုပြီး သတင်းလာပို့တာတွေရှိထားပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသောသူများ၏ မိသားစုဝင်(၇)စု လာရောက်စာရင်းပေးထားပြီး၊ ရုပ်အလေ-ာင်း ရှာဖွေမှုကိုမူ ဆက်လက်လုပ်ဆောင်၍ မရတော့ကြောင်း ၎င်းကဆိုသည်။

ပြိုကျခဲ့သည့် နွံ့ကန်၏ အနက်ပေမှာ (၁၀၀)၊အလျား(၅၀၀) နှင့် အနံ(၃၀၀)ရှိသည့်ပုဂ္ဂလိကလုပ်ကွက်တစ်ခုဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်း လုပ်ကွက်များမှ မြေစာပုံပြိုကျခြင်း၊ နွံကန်ပြိုခြင်းများ နှစ်စဉ်ဖြစ်ပွားပြီး ပြီးခဲ့သည့်နှစ်ကလည်း အလားတူ နွံအိုင်ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ဆယ်နှင့်ချီကာ ‌ေ-သဆုံးခဲ့ရဖူးသည်။

ဦးသိန်းစိန် အစိုးရလက်ထက် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ (၈၀၈) ခု၊ တစ်ဧက လုပ်ကွက်ပေါင်း (၁၅၆၃၈) ကွက်၊ အကျိုးတူ ကုမ္ပဏီ (၂၂၂) ခု လုပ်ကွက်ပေါင်း (၃၀၂ )ကွက် အထိ ရှိခဲ့သည်။

NLD အစိုးရလက်ထက်တွင် လုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း မရှိတော့ဘဲ လုပ်ကွက်ဧရိယာအကျယ်အဝန်း နှင့် ပေါင်းစပ်တူးဖော်ခွင့်များကိုပါ ကန့်သတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here