သမိုင်းလမ်းဆုံ မီးပွိုင့်တွင် ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးဆိုင်ခန်းအား ဝင်တို-က်မိသဖြင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရ

0
203

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ကျိုက်ဝိုင်းဘုရားလမ်းနှင့် အင်းစိန်လမ်းထောင့်၊ သမိုင်းလမ်းဆုံ မီးပွိုင့်တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးဆိုင်ခန်းအား ဝင်တို-က်မိရာမှ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။  

မတ်လ (၁၂)ရက်၊ ည (၁၀)နာရီ ခွဲခန့်အချိန်က သမိုင်းလမ်းဆုံတွင် ယာဉ်တို-က်မှု ဖြစ်ပွားကြောင်း အနီးပတ်ဝန်းကျင်ရှိသူတစ်ဦးက “ရွှေရောင်သမိုင်း”အသင်းရုံးသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဟွန်ဒါဖစ်က မောင်းလာရင်း အရှိန်လွန်ပြီး လမ်းဘေးက မျက်မှန်ဆိုင်ကို ဝင်တို-က်မိတာ။ အဲဒီနားက အမျိူးသမီး တစ်ဦးရယ်၊ ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦးရယ်၊ ဒဏ်ရာရတယ်ပေါ့။ မြေပြင်ကုသမှုပေးပြီး အင်းစိန်ဆေးရုံကို ပို့ပေးခဲ့ပါတယ်” ဟု ရွှေရောင်သမိုင်းအသင်းမှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီး(၂)ဦးအား လိုအပ်သည့်ကနဦး ဆေးထည့်ပြုစုမှုများ ဆောင်ရွက်ပေးကာ အင်းစိန်ဆေးရုံသို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here