တရုတ်နိုင်ငံ၌ စားသောက်ဆိုင်မှပေါက်ကွဲမှုကြောင့်တစ်ဦး‌ေ-သဆုံးကာ ၂၂ ဦးဒဏ်ရာရ

0
115

ပေကျင်း၊မတ် ၁၃

တရုတ်နိုင်ငံမြောက်ပိုင်း၊ဟူဘေးပြည်နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဓါတ်ငွေ့ယိုစိမ့်ရာမှ ပေါက်ကွဲမှုကြောင့် တစ်ဦး‌ေ-သဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်၌ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစေကြောင်းလည်း‌သိရသည်။

“အခုဖြစ်စဉ်က ကြက်ကြော်ဆိုင်မှာ ဓာတ်ငွေ့ယိုစိမ့်မှုကနေ စတင်ဖြစ်ပေါ်ခဲ့တာပါ” ဟု တာဝန်ရှိသူတစ်ဦးကဆိုပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုပါ တရစပ်လုပ်ဆောင်ပေးနေကြောင်းသိရသည်။

သိပ်မကြာခင်၌ပင် မီးကိုထိန်းချုပ်လိုက်နိုင်ကြောင်းလည်း သက်ဆိုင်ရာအဖွဲ့ကပြောကြားခဲ့သည်။ယခုကိစ္စနှင့်ပတ်သက်၍ မီးလောင်မှုဖြစ်ရခြင်းအားသိရရန် မြို့တော်အရေးပေါ် အာဏာပိုင်များက စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်းသတင်းများတွင် ဖော်ပြထားသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here