ပင်လယ်နီအတွင်း ဟူသီတို့၏တိုက်ခိုက်ခံခဲ့ရသည့် ဖိလစ်ပိုင်သင်္ဘောသားများနေရပ်ပြန်ရောက်ရှိ

0
128

မနီလာ၊မတ် ၁၃

ပင်လယ်နီအတွင်း ဟူသီတို့၏တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ဖိလစ်ပိုင်သင်္ဘောသား ၁၁ ဦးသည် မိခင်နိုင်ငံသို့ပြန်ရောက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများကပြောကြားခဲ့သည်။

၎င်းတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဟူသီသူပုန်များ တိုက်ခိုက်ခဲ့သည့် ဘာဘာဒို အလံတင် ဂရိကုန်သွယ်သင်္ဘော True Confidence ၏ အမှုထမ်းများဖြစ်ကြပြီး ယင်းတိုက်ခိုက်မှုအတွင်း ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးအပါအဝင် သင်္ဘောသားသုံးဦး‌ေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။

မနီလာမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက်ရှင်ကျန်ရစ်သူ ၁၁ ဦးသည် အစိုးရ၏အကူအညီကိုရရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါသင်္ဘောပေါ်၌ပါသွားသည့် အမှုထမ်းများအနက်တစ်ဦးကမူ “တိုက်ခိုက်ခံရတဲ့အချိန်မှာ ဘာဖြစ်သွားသလဲသေချာမသိလိုက်ရဘူး၊ကျွန်တော်တို့ဆန္ဒကတော့ အိမ်ပြန်ပြီးမိသားစုနဲ့အတူတွေ့ချင်တာပါပဲ” ဟုပြောကြားခဲ့သည်။

ယခုဖြစ်ရပ်‌ကြောင့် အစိုးရအနေဖြင့် ဖိလစ်ပိုင်၏နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးအလုပ်သမား အဖွဲ့ချုပ်နှင့်တွေ့ဆုံဆွေးနွေးကာ အန္တရာယ်များသည့်နေရာများသို့သွားလာကူးသန်းရောင်းဝယ်ခြင်းမလုပ်ရန် သဘောတူညီချက်တစ်ရပ်ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

ဟူသီတို့သည် ပင်လယ်နီအတွင်း ကုန်သွယ်သွားလာနေသည့် သင်္ဘောများအား နိုဝင်ဘာလကတည်းကစတင်တိုက်ခိုက်လျက်အစ္စရေး – ပါလက်စတိုင်းအရေးတွင် ဂါဇာဒေသခံပြည်သူများနှင့် ထပ်တူရပ်တည်ကြောင်းလည်းပြသခဲ့သည်။

ပင်လယ်နီအတွင်းဟူသီတို့၏တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများ ကမောက်ကမဖြစ်ကာ ကုမ္ပဏီများအနေဖြင့် ဟူသီများအားရှောင်ကွင်းသွားလာနေရသောကြောင့် ကုန်ကျစားရိတ်များလည်းပိုမိုမြင့်တက်လာခဲ့သည်။

Source : ရိုက်တာ/ကေဂျီ


LEAVE A REPLY

Please enter your comment!
Please enter your name here