ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည် ပေးဝေ

0
195

ဖားကန့်မြို့နယ်အတွင်း ယခု မတ်လ(၉) ရက်မှစတင်ကာလျှပ်စစ်မီး ပြန်လည်ဖြန့်ဖြူးပေးဝေလျှက်ရှိကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

” မီးကတော့ပေးထားပြီ။ ရပ်ကွက်အားလုံးပေးထားပါပြီ”ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း လျှက်စစ်ပေးဝေရာတွင် နေလယ်(၁)နာရီမှ ညနေ(၅)နာရှိအထိတစ်ကြိမ်၊ ည (၉) နာရီမှ နောက်တစ်နေ့ နံနက် (၅)နာရီအထိတစ်ကြိမ် ရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” လျှပ်စစ်မီးက အခု (၉)ရက်က ပြန်ရတယ်။ ရပ်ကွက်တွေအလိုက် အချိန်တွေ ခွဲပေးနေတာပေါ့”ဟု ၎င်း က ဆိုသည်။

ဖားကန့်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများအနီး တိုက်ပွဲများကြောင့် မိုးကောင်း- ဖားကန့် သွယ်တန်းထားသော (၆၆)KV ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်အချို့ ပျက်ဆီးသွားသည့်အတွက် ဖားကန့် မြိုပေါ်ရပ်ကွက်များ၊ ဆိုင်းတောင်၊ လုံးခင်းကျေးရွာများ၌ လျှပ်စစ်မီးမှာ (၁)လကျော်ကြာပြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။

ပုံစာ- ယခုလအတွင်း ဖားကန့်ဒေသခံများ လျှစစ်မီတာခ ပေးဆောင်နေပုံ

ဓာတ်ပုံ-ဖားကန့် လျှပ်စစ်အင်ဂျင်နီယာရုံး


LEAVE A REPLY

Please enter your comment!
Please enter your name here