ခွန်ခမာလက်ဝှေ့ ချန်ပီယံ ဖားဆိုဖွမ်းနှင့် သွေးသစ်မောင်တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
126

မတ်လ (၁၇)ရက်တွင် ခွန်ခမာ လက်ဝှေ့ချန်ပီယံ ဖားဆိုဖွမ်းနှင့် ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ သွေးသစ်မောင်တို့ ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပမည့် ANS ထံက သိရသည်။

၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသ-တ်ရာတွင် ခွန်ခမာလက်ဝှေ့စည်းမျဉ်းအတိုင်း (၉)မိနစ် တစ်ချီဖြင့် အလဲထိုးအနိုင်ယူစနစ်ဖြင့် ကစားသွားမည်ဖြစ်ပြီး အနိုင်အရှုံးမပေါ်ပါက သရေပွဲအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

” အဲမွီနဲ့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့တဲ့ ခမာလက်ဝှေ့ ချန်ပီယံတစ်ယောက်ပါ။ အဲဒီအတွက် သွေးသစ်မောင်အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရိုးရာလက်ဝှေ့ကျော် အဲမွီ နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာတွင် ဖားဆိုဖွမ်းက အဲမွီအား အမှတ်ဖြင့်အနိုင်ယူ ထားဖူးသူတစ်ဦးလည်းဖြစ်သည်။

ဖားဆိုဖွမ်းသည် မွေထိုင်းကဝေဟု တင်စားခေါ်ဆိုသည့် ဆန်ချိုင်းဖြင့်လည်း ယှဉ်ပြိုင်ထိုးသ-တ်ဖူးသူဖြစ်ပြီးမတ်လ(၂၄) ရက်တွင် မန္တလေးမြို့၌ ကျော်စွာဝင်းဖြင့် ခေါင်ပွဲယှဉ်ပြိုင်မည့် ဖွားဆိုလ (ထိုင်း)ဖြင့်လည်း ယှဉ်ပြိုင်ထိုးသ-တ်ဖူးသူဖြစ်သည်။

သွေးသစ်မောင်သည် ရိုးရာလက်ဝှေ့ကျော် သပြေညို၊ကျား ပေါက်၊ သွေးသစ်အောင် တို့အား ထိုးသ-တ်ဖူးပြီး၊ နိုင်ငံခြားသားပြိုင်ဘက်များကိုလည်း အနိုင်ယူထားကာ ရွှေခါးပတ်ရရှိထားသူလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here