အိန္ဒိယလုပ် တိုက်လေယာဉ် Tejas ပထမဆုံးအကြိမ် ပျ-က်-ကျမှုဖြစ်ခဲ့ပြီး လေယာဉ်မှူး ခုန်ထွက်လွတ်မြောက်

0
143

အိန္ဒိယလေတပ်ရဲ့ ပြည်တွင်းဖြစ် Tejas တိုက်လေယာဉ်တစ်စင်းဟာ အင်္ဂါနေ့က နိုင်ငံအနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်မှာ ပျ-က်-ကျခဲ့ကြောင်း သိရပြီး ဒါဟာ ယင်းလေယာဉ်တွေ လွန်ခဲ့တဲ့ ၈ နှစ်နီးပါးခန့်မှာ စတင်အသုံးပြုခဲ့ချိန်ကစလို့ ပထမဆုံးအကြိမ် ပျ-က်-ကျမှုဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အတွင်း လေယာဉ်မှူးဖြစ်သူဟာ ခုန်ထွ-က်လွတ်မြောက်ခဲ့တယ်လို့ လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

အိန္ဒိယဟာ ၎င်းရဲ့ ဆိုဗီယက်ခေတ် တိုက်လေယာဉ်စုနေရာကို ခေတ်မီဆန်းသစ်ရေး ကြိုးပမ်းမှုမှာ အချိန်အတော်ကြာစောင့်ခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ်မှာ Tejas လို့ခေါ်တဲ့ အပေါ့စားတိုက်လေယာဉ်တွေ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့က လေယာဉ်ပျ-က်-ကျခဲ့မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကာလ ပထမဆုံး စမ်းသပ်ပျံသန်းမှုလုပ်ခဲ့ချိန်ကစလို့ ဂျက်လေယာဉ်ရဲ့ လုံခြုံဘေးကင်းမှု မှတ်တမ်းကောင်းကို ကျိူးပျက်သွားစေခဲ့တယ်လို့ လေတပ်အရာရှိတစ်ဦးက ရိုက်တာကို ပြောဆိုပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ကာကွယ်ရေးပို့ကုန်တန်ဖိုး ဒေါ်လာ ၅ ဘီလီယံရရှိရေး ကြီးမားတဲ့ ရည်မှန်းချက်တွေကို ပြီးခဲ့တဲ့နှစ်မှာ ချမှတ်ခဲ့ပြီး Tejas တွေ တင်ပို့ရောင်းချနိုင်ရေးအတွက် သူ့အစိုးရဟာ သံတမန်ရေးကြိုးပမ်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ Tejas တိုက်လေယာဉ် ၈၃ စင်းစာအတွက် နိုင်ငံပိုင် Hindustan Aeronautics Limited ကို ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၆ ဘီလီယီတန်ဖိုးရှိ ကန်ထရိုက်ပေးအပ်ခဲ့ပါတယ်။

Tejas တွေဟာ ဒီဇိုင်းပိုင်းနဲ့ အခြားထောက်ပြစရာ စိန်ခေါ်မှုတွေရှိနေခဲ့ပြီး ယာဉ်ဟာ လေးလံလွန်းတယ်ဆိုကာ တစ်ချိန်က အိန္ဒိယလေတပ်ကပင် ပယ်ချခဲ့ကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here