သံဖြူဇရပ်မြို့တွင် မြေးဖြစ်သူအားချီပြီး လမ်းဖြစ်ကူးသည့် အမျိုးသမီး ကားတို-က်ခံရ၍ မြေးဖြစ်သူအသက်ဆုံးရှုံး

0
121

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သံဖြူဇရပ် – ရေး အဝေးပြေးလမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသည့် က-လေးငယ်နှင့် အဖွားဖြစ်သူတို့အား ထင်းများတင်ဆောင်လာသည့်ကားမှ ဝင်တို-က်မိခဲ့သည့်အတွက် က-လေးငယ်အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ (၁၃)ရက်၊ နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ သံလဖြူဇရပ်-ရေး အဝေးပြေး လမ်းမကြီးပေါ်၊ ဝယ်ကလီကျေးရွာ ကျောက်ခွဲစက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။

“အဖွားက မြေးကိုချီပြီး ကားလမ်းဖြတ်ကူးတာ ကားတိုက်ခံရပြီး မြေးက ကားနဲ့ ထပ်ကြိတ်မိပြီး ‌ေ-သဆုံးသွားတယ်။ ကားက ထင်းသယ်တဲ့ ကားလို့ သိရပါတယ်။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ အဖွားဖြစ်သူမှ (၂)နှစ်အရွယ် ကလေးအားချီ၍ လမ်းဖြတ်ကူးနေစဉ် ထင်းကားမှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အဖွားဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါသည်။

ထိခိုက်ဒဏ်ရာရရှိသော လူနာနှင့် ဆုံးပါးသွားသော ကလေးငယ်၏ ရုပ်အလောင်းအား သံဖြူဇရပ်ဆေးရုံကြီးနှင့် ရင်ခွဲ ရုံသို့ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here