မုံရွာမြို့ရှိ အင်းဝဘဏ် ဓ-ားပြတိုက်ခံရကာ ဘဏ်မန်နေဂျာကို ဓ-ားစာခံ အဖြစ်ဖ-မ်းဆီးသွားဟုဆို

0
305

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အင်းဝဘဏ်ကို အုပ်စုဖွဲ့ ဓ-ါးပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ဘဏ်မန်နေဂျာကို ဓ-ားစာခံအဖြစ်ဖ-မ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံလုံခြုံရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ယနေ့ည (၇) နာရီခွဲဝန်းကျင်တွင် အတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊မြို့တော် ခန်းမအနီး ဝန်းကျင်ရှိ အင်းဝဘဏ်အား ယနေ့မတ်လ (၁၃) ရက် နေ့လယ်ပိုင်းက ကားဖြင့်ရောက်လာသည့် လူတစ်စုက ဓ-ားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ၈ ယောက်လို့ ပြောတယ်။ ကားနဲ့လာတာ။ ဘဏ်ထဲဝင်ပြီး ‌ေ-သနတ်တွေနဲ့ ခြိမ်းခြောက်ပြီး ဓ-ားပြတိုက်သွားတာ။ ငွေသိန်း ၃၀၀ ကျော် ပါသွားတယ်။ ဘဏ်မန်နေဂျာကိုလ ည်း ဓ-ားစားခံအနေနဲ့ ဖ-မ်းခေါ်သွားတယ် ” ဟု ၎င်းက ဆိုသည်။

ဒေသတွင်း သတင်းရင်းမြစ်များနှင့် နီးစပ်သူများနှင့် အချို့သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါ လူ (၈) ဦးအနက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးသည်ဘဏ်သို့ ဆိုင်ကယ်ဖြင့် အရင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကားဖြင့်လာသူမှာ (၆) ဦးဖြစ်ကြောင်း သိရသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြု၍ မရပေ။

အဆိုပါ ဖြစ်စဉ်တွင် ငွေသိန်း ၃၆၂ သိန်းကျော်နှင့် Dasktop View Sonic Moniter ကွန်ပျူတာ (၃)လုံး၊ Scanner Mach ime(for Seacurity) (၁)လုံး၊ ဧည့်ဝင်/ထွက် မှတ်တမ်း စာ အုပ် (၁)အုပ်နှင့် ဘဏ်ဝန်ထမ်းများ၏ ဖုန်း (၁၂)လုံး ပါသွားကြောင်း သိရသည်။

ထို့အပြင် ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်လှလှသွယ်အား ဓ-ားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ ဓ-ားပြတိုက်မှုကျူးလွန်သူများအားဖ-မ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့များက ကြိုးပမ်းနေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here