ပြည်ပဝယ်လိုအား ကောင်းနေခြင်းကြောင့် ပြည်တွင်းကြက်သွန်ဈေးကွက်မြင့်တက်နေ

0
137

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကြက်သွန်အဝယ်လိုက်နေခြင်းကြောင့် ပြည်တွင်းကြက်သွန်ဈေးကွက်သည် ဈေးမြင့်တက်နေကြောင်း ကြက်သွန်ကုန်သည်များ၏ ပြောပြချက်အရသိ ရသည်။

” ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်တော်တော်လိုက်နေတာ။ သူတို့ရဲ့ဥပုဒ်ကာလရောက်ပြီဆိုတော့ လာဆင်းဝယ်ကြတာများတယ်။ ထိုင်းကို ပို့တော့ပို့တယ်။ သိပ်အများကြီးမဟုတ်ဘူး။ တောင်သူတွေလည်း ဈေးကောင်းရနေတာပေါ့” ဟု ရွှေပြည့်အောင်ပွဲရုံပိုင်ရှင်က ပြောသည်။

လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၄၃၀၀ ကျပ်ကျော်အထိမြင့်တက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာကြက်သွန်ကို ဖီလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ တရုတ်၊ ထိုင်းနှင့်ဘင်္ဂလားဒေ့်ရှ် နိုင်ငံတို့က ဝယ်ယူနေပြီး ကိုဗစ်မတိုင်ခင် တနှစ်လျှင် ပျဉ်းမျှ ကြက်သွ န်နီ တန်ချိန် (၈) သောင်းမှ (၁) သိန်းကျော်ထိ ပြည်ပတင်ပို့မှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီ ဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် တသန်းကျော် ထွက်ရှိကာ ပြည်ပတင်ပို့မှုအနေဖြင့်တနှစ်လျှင် တန်ချိန် တသိန်းဝန်းကျင်သာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here