မြန်မာ့သနပ်ခါးကို အသင့်လိမ်းအဆင့်ပြုလုပ်ကာ အာဆီယံနိုင်ငံများသို့ တင်ပို့မည်

0
184

မြန်မာ့သနပ်ခါးကို အသင့်လိမ်းနိုင်သည့် ကုန်ချောအဆင့်အထိ ပြုလုပ်ပြီး အာဆီယံနိုင်ငံများသို့ တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

အဆိုပါ အချောထည်ပြုလုပ်ပြီး သနပ်ခါးများကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားစသည့် အာဆီယံ နိုင်ငံများသို့တင်ပို့နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့သနပ်ခါးသည် ပြည်တွင်းဈေးကွက်၌ ရောင်းအား ပုံမှန်ရှိနေပြီး ပြည်ပဈေးကွက်သို့ တင်ပို့မည်ဆိုပါက အကြမ်းထည်အဖြစ် တင်ပို့၍မရသည့်အတွက် အသင့်လိမ်းနိုင်သည့် အဆင့်အထိ အချောထည်ထုတ်လုပ်ကာ ခရင်(မ်)ပုံစံမျိုး ပြုလုပ်‌၍ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့သနပ်ခါးကို ယူနက်စကို အသိအမှတ်ပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

သနပ်ခါးပင်များသည် ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း ဈေးကွက်၌ စတင်ရောင်းတန်းဝင်ဝင်ရောက်ပြီး အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင် ရရှိရန် သက်တမ်း ၃၅ နှစ်ကြာမြင့်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here