အင်ဒိုနီးရှား၌ သင်္ဘောမှေ-ာက်–နှစ်ဦး‌ေ-သ၊ ၂၂ ဦး ပျောက်ဆုံး

0
222

ဂျကာတာ၊မတ် ၁၃

အင်ဒိုနီးရှား၌ ငါးဖမ်းသင်္ဘောတစ်စီးတိမ်းမှေ-ာက်မှုကြောင့် နှစ်ဦး‌ေ-သဆုံးကာ ၂၂ ဦးပျောက်ဆုံးနေလျှက် လှေမှေ-ာက်ပြီးသုံးရက်အကြာတွင် သင်္ဘောသား ၁၁ ဦးအားအသက်ရှင်လျက်ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ‌သင်္ဘောပေါ်၌ သင်္ဘောဝန်ထမ်း ၃၅ ဦးထက်မနည်းလိုက်ပါလာပြီး တောင်ပိုင်းဆူလာဝေစီရှိ Selayar ကျွန်းအနီးတွင်န-စ်မြု-ပ်ခဲ့ခြင်းလည်းဖြစ်ကာ ၎င်းသင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့် န-စ်မြု-ပ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါသင်္ဘောသည် မတ်လ ၃ ရက်နေ့ကစတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားရေတပ်နှင့်စေတနာ့ဝန်ထမ်းများသည် ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေသေးကြောင်းလည်းသိရသည်။

ကယ်ဆယ်ရေးလုပ်ဆောင်ရန် ‌လှေများထွက်ခွာသွားပြီးဖြစ်ကာ လှေန-စ်မြု-ပ်ရာနေရာရောက်ရှိရန် ငါးနာရီခန့်ကြာနိုင်သည်ဟုလည်းသိရသည်။ယခုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သူများသည်လည်း ဒေသခံငါးဖမ်းသမားများနှင့်တွေ့ပြီးကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကာ အာဏာပိုင်များထံအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့သည် ပင်လယ်ထဲ၌ သုံးရက်ကြာသည်အထိမြောနေခဲ့ကြောင်းလည်း အသက်ရှင်သူများအနက်တစ်ဦးက ပြန်လည်ပြောကြားခဲ့သည်။

အာဏာပိုင်များသည် အင်္ဂါနေ့အစောပိုင်းကတည်းက အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ သတင်းများရရှိခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ၎င်းတို့၏ ကယ်ဆယ်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေခဲ့သည်ဟုဆိုခဲ့သည်။

လုံခြုံရေးစံနှုန်းလျော့ရဲမှုကြောင့် ကျွန်းပေါင်း ၁၇,၀၀၀ ခန့်ရှိသော အရှေ့တောင်အာရှကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ရေကြောင်းမတော်တဆမှုများသည်ပုံမှန်ဖြစ်ပွားလေ့ရှိသော မတော်တဆမှုများလည်းဖြစ်သည်။၂၀၁၈ ခုနှစ်ကလည်း ကူးတို့လှေနစ်မြုပ်မှုကြောင့် လူပေါင်း ၁၅၀ ကျော်‌ေ-သဆုံးခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here