ကမ္ဘာ့ပဲဈေးကွက်တွင် မြန်မာ့ ပဲတင်ပို့မူဝေစု ၁၂ ရာခိုင်နှုန်းရထား

0
162

မြန်မာ့လယ်ယာထွက်ကုန်များကို ဂျပန်နိုင်ငံသို့ တိုးမြှင့်တင်ပို့မည်

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာ့လယ်ယာထွက်ကုန်များကို ဂျပန်နိုင်ငံသို့ တိုးမြှင့်တင်ပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် တစ်သန်းခန့် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိခဲ့ကာ ဂျပန်နိုင်ငံသို့ ပဲတန်ချိန် ၁၉၀၀၀၀ ကျော်တင်ပို့ထားကြောင်း သိရသည်။

အခြားနိုင်ငံများနှင့် ယှဉ်ပါက မြန်မာ့ပဲသည် ဈေးသက်သာသည့်အတွက် ဂျပန်နိုင်ငံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီပါက လာမည့်ဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့မည်ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် မြန်မာနိုင်ငံသည် ပဲတင်ပို့ခွင့် ဝေစု ၁၂ ရာခိုင်နှုန်းရရှိထားပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီပါက လာမည့်ဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၈ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here