အရှေ့ဒဂုံမြို့နယ် အမှတ်(၂)လမ်းမကြီးတွင် ကွန်တိန်နာနှင့် အငှားယာဉ် တို-က်မိရာမှ အငှားယာဉ်မှ ယာဉ်မောင်း အသက်ဆုံးရှုံး

0
121

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁၃) ရပ်ကွက်ရှိ အမှတ်(၂)လမ်းမကြီးတွင် ကွန်တိန်နာယာဉ်နှင့် အငှားယာဉ်တို့ တို-က်မိမှုဖြစ်ပွားရာမှ အငှားယာဉ်မောင်း အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် အဖြူရောင်ပရဟိတအသင်းမှ သိရသည်။

မတ်လ (၁၃) ရက်၊ ည(၁၀)နာရီ (၈)မိနစ်အချိန်ခန့်က ယာဉ်တို-က်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး ကူညီရန် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် အငှားယာဉ်မောင်းမှာ ယာဉ်ခေါင်းခန်းအတွင်း ည-ပ်နေခဲ့ပြီး ည (၁၁)နာရီအချိန်တွင် ‌ေ-သဆုံးလျက်အနေထားဖြင့် ထုတ်ယူခဲ့ရပြီး အဖြူရောင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here