လူ ၁၅ ဦး လိုက်ပါသွားတဲ့ ရုရှားစစ်ဖက် သယ်ပို့လေယာဉ်တစ်စင်း ပျ-က်ကျ

0
142

လူ ၁၅ ဦးလိုက်ပါခဲ့တဲ့ ရုရှားစစ်ဖက် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဟာ ရုရှားနိုင်ငံအနောက်ပိုင်းရှိ လေဆိပ်တစ်ခုကနေ ပျံတက်စဉ် ပျ-က်ကျသွားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

အမှုထမ်း ၈ ဦးနဲ့ ခရီးသည် ၇ ဦး လိုက်ပါသွားတဲ့ Il-76 လေယာဉ်ဟာ အီဗန်နိုဗိုဒေသမှာ အင်္ဂါနေ့က ပျ-က်ကျခဲ့တာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ ရှိခဲ့သလားဆိုတာကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အီဗန်နိုဗိုဒေသဆိုင်ရာ အစိုးရအကြီးအကဲ စတန်နီဆလပ် ဗိုစကီရီဆန်စကီးက လေယာဉ်ပျ-က်ကျမှုအတွင်း ပါဝင်သွားသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဆိုခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း မြေပြင်မှာ ထိခိုက်ပျက်စီးတာမျိုး မရှိခဲ့ဘူးလို့လည်း ၎င်းက ဆိုပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုရာမှာတော့ လေယာဉ် ပျံတက်စဉ် အင်ဂျင်မီးလောင်မှုဖြစ်ခဲ့တာဟာ ပျ-က်ကျရတဲ့ အကြောင်းရင်းဖြစ်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးသုံးသပ်ဖို့အတွက် စုံစမ်းစစ်ရေးမှူးတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို အီဗန်နိုဗိုသို့ စေလွှတ်ထားကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ရုရှားမီဒီယာတွေက ဖော်ပြခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုအရ လေယာဉ်ဂျင်တွေထဲက အနည်းဆုံး တစ်လုံး မီးစွဲလောက်လျက်သားနဲ့ လေယာဉ် အောက်ဘက်ကို ထိုးစိုက်ကျနေတာ တွေ့ရပါတယ်။

အင်ဂျင်လေးလုံးတပ် Il-76 ဟာ အကြီးစားဝန်တွေ သယ်ပို့နိုင်တဲ့ လေယာဉ်ဖြစ်ပြီး ၁၉၇၀ ခုနှစ်တွေကစလို ဆိုဗီယက်စစ်တပ်မှာ အသုံးပြုခဲ့ကာ နောက်ပိုင်းမှာ ရုရှားလေတပ်မှာ ဆက်လက်အသုံးပြုခဲ့ကြောင်း သိရပါတယ်။

Ref: Stars and Stripes


LEAVE A REPLY

Please enter your comment!
Please enter your name here