အဝတ်လှန်းစင်ပိုက်လုံးလေးများထဲသို့ ကိုကင်း ထည့်ပြီး အမေရိကားမှထိုင်းသို့ပို့ရာ ထိုင်းလေဆိပ်တွင်ဖမ်းမိ

0
232

မူးယစ်ဆေးဝါးကုန်သွယ်မှုသည် ပြည့်တန်ဆာလုပ်ငန်း၊ဖျော်ဖြေရေးလုပ်ငန်းတို့နှင့် ဆက်စပ်နေ

အမေရိကန်နိုင်ငံမှပို့ခဲ့သော ကိုကင်း ၅၃၆၀ ဂရမ် ပါဆယ်ထုပ်ကို မတ်လ ၆ ရက်နေ့တွင် သုဝဏ္ဏဘူမိလေဆိပ်တွင်ဖမ်းဆီးမိခဲ့သည်

အပြည်ပြည်ဆိုင်ရာ ပါဆယ်ထုပ်တွင် ဝှက်၍ ထည့်ပေးလိုက်သော စတီးအဝတ်လှန်းစင်တန်းများ ၏ ပိုက်အခေါင်းအတွင်း၌ ဝှက်ထားသော ကိုကင်းများကိုထိုင်းအကောက်ခွန်ဦးစီးဌာန၏ လေဆိပ်အတားအဆီးလုပ်ငန်းအဖွဲ့ (AITF) မှ စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုအပြီးတွင် စုံစမ်းဖော်ထုတ်မှုအား အရှိန်မြှင့်ကာ ပါဆယ်ထုပ်များ ပေးပို့သည့်နေရာအား စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ထိုကိုကင်း ၅၃၆၀ ဂရမ်ပါရှိသော ပါဆယ်ထုပ်ကို လက်ခံရယူရန် စောင့်ဆိုင်းနေသည့်နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦးကိုပါ ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံ၏မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ ONCB နှင့် မိတ်ဖက်အေဂျင်စီများက အနောက်အာဖရိကမှ အုပ်စုများသည် ဆွန်ခွန်ဗစ်၊နာနာ ဧရိယာနားတွင် ထိုင်းနှင့် နိုင်ငံခြား ခရီးသွားများထံ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း တွေ့ရှိထားသည်။

ပြည့်တန်ဆာများသည် အနောက်အာဖရိကအုပ်စုများထံမှ မူးယစ်ဆေးဝါးရောင်းချပေး၍ အမြတ်ဝေစုကို ရရှိသဖြင့် မူးယစ်ဆေးဝါးကုန်သွယ်မှုသည် ပြည့်တန်ဆာနှင့် ဆက်စပ်နေပါသည်။။ဖျော်ဖြေရေးနေရာများတွင် ရောင်းချရန် ရည်ရွယ်ထားသည့်မူးယစ်ဆေးဝါးများကိုထိုင်းလေဆိပ်တွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ONCB၏ အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Phanurat Lakboon က ဦးဆောင်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များကိုယခုထက်တင်းကြပ်စွာ ကိုင်တွယ်မည်ဆိုသည်။

Ref: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here