ပြစ်ဒဏ်မှ လွတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သက်ဆင် လူမြင်ကွင်း ထွက်လာ

0
170

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုဆိုင်ရာ ထောင်ဒဏ်တွေကနေ လွတ်မြောက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်းထွက်လာမှုအဖြစ် ကြာသပတေးနေ့ (မတ် ၁၄) က ဘန်ကောက် ဘုရားကျောင်းတစ်ခုကို သွားရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်ရွေးကောက်ခံရပြီး ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှာ ရာထူးဖြုတ်ချခံခဲ့ရတဲ့ အငြင်းပွားဖွယ် ဘီလျံနာဟာ ဘန်ကောက်မြို့ရှိ Bangkok City Pillar နတ်ကွန်းကို သွားရောက်ခဲ့ပြီး ယင်းနောက်မှာ နိုင်ငံမြောက်ပိုင်း ချင်းမိုင်သို့ သုံးရက်ကြာ ခရီးသွားရောက်ဖြစ်ကြောင်း သိရပါတယ်။

သက်ဆင်ရောက်ရှိနေရာ နတ်ကွန်းရှေ့မှာ မီဒီယာသမားတွေ စုပြုံရောက်ရှိခဲ့ပြီး အပြာရောင်တီရှပ်ဝတ်ဆင်ထားတဲ့ သက်ဆင်ဟာ မနက် ၅ နာရီဝန်းကျင်မှာ ဆုတောင်းဝတ်ပြုမှုလုပ်ခဲ့တယ်လို့ ယင်းနေရာကို ရောက်ရှိနေတဲ့ AFP သတင်းထောက်က ပြောဆိုပါတယ်။

သက်ဆင်ဟာ ဒီနေ့​နေ့လယ်ပိုင်းမှာ သူ့မွေးရပ်မြို့နဲ့ အစဉ်အလာနိုင်ငံရေးအာဏာအမာခံနယ်မြေဖြစ်ရာ ချင်းမိုင်ကို သွားရောက်ပြီး မိသားစုတွေ၊ ထောက်ခံသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဆွေမျိုးသားချင်းတွေရဲ့ အုတ်ဂူတွေရှိရာကို သွားရောက် ဂါရဝပြုမယ်လို့ သိရပါတယ်။

သက်ဆင်နဲ့အတူ လက်ရှိ Pheu Thai ပါတီခေါင်းဆောင်ဖြစ်တဲ့ သမီးဖြစ်သူ Paetongtarn နဲ့ သူမ ခင်ပွန်းတို့လည်း လိုက်ပါသွားကြမှာဖြစ်ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here