တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုမှု (၁၂၀၀၀၀) ကျော်ရှိခဲ့ပြီး ဒုတိယနေ့ထက်(၂၀)ဦး ထပ်မံလျော့ကျ

0
156

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၃) ရက်တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကိုဆက်လက်ဖြေဆိုခဲ့ပြီး ဖြေဆိုသူဦးရေ ၁၂၀၀၀၀ ကျော်ရှိကာ ဒုတိယနေ့ထက် (၂၀)ဦး ထပ်မံလျော့ကျခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

စတင်ကျင်းပသည့် မတ်လ (၁၁) ရက် မြန်မာစာဖြေဆိုသည့်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ်ပေါင်း (၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄)ဌာနတို့တွင် ( ၁၄၆,၅၂၃ ) ဦးရှိပြီး လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈,၈၀၁) ဦး ရှိခဲ့ကြောင်း သိရသည်။

ဒုတိယမြောက်နေ့ဖြစ်သည့် မတ်လ (၁၂) ရက် အင်္ဂလိပ်စာဘာသာရပ်တွင် နိုင်ငံခြားစာစစ်ဌာန (၁၁) ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန (၈၃၀) ခု စာစစ်ဌာန စုစုပေါင်း (၈၄၁) ခု ဖွင့်လှစ်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး ယင်းတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၁၄၆၅၂၃) ရှိကာ လာရောက်ဖြေဆိုသူ စုစုပေါင်း (၁၂၈၇၂၅) ဦးရှိကြောင်း သိရသည်။

ထို့ပြင် တတိယမြောက်နေ့ သင်္ချာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာန (၁၁)ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန (၈၃၀) စာစစ်ဌာန စုစုပေါင်း (၈၄၁) ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၁၄၆၅၂၃) ရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း (၁၂၈၇၀၅) ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၇ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ပုံစာ – တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့မြင်ကွင်းများ


LEAVE A REPLY

Please enter your comment!
Please enter your name here