ယူကရိန်းကို တာဝေးပစ် ATACMS ဒုံးကျည်များ ထောက်ပံ့ပေးရန် ပင်တဂွန်က အသင့်ရှိဟုဆို

0
161

ယူကရိန်းတပ်မတော်၏ တာဝေးပစ်ဒုံးပျံစနစ်အတွက် တာဝေးပစ် ATACMS ဒုံးပျံ များကို ထောက်ပံ့ပေးရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အသင့်ရှိနေကြောင်း Wall Street Journal က ရေးသားဖော်ပြထားသည်။

ခရိုင်းမီးယားရှိ ရုရှားတပ်များကို ယူကရိန်း၏ တိုက်ခိုက်နိုင်စွမ်းကို တိုးမြင့်လာစေရန်အတွက် မိုင် ၁၈၀ ကျော် အကွာအဝေးအထိပစ်ခတ်နိုင်သည့် တာဝေးပစ် ATACMS ဒုံးကျည်များ ပံ့ပိုးပေးရန် ယူကရိန်းတို့က ပင်တဂွန်ကို တွန်းအားပေးနေကြောင်း အမေရိကန်အရာရှိများကို ကိုးကား၍ သတင်းစာက ရေးသားထားသည်။

သို့သော်လည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါ လုပ်ရပ်ကို အတည်ပြုမည် မပြုမည်ဆိုသည်ကိုမူ တာဝန်ရှိသူများက ပြောကြားခြင်း မရှိသေးချေ။

အမြောက်ကျည်များနှင့် ဒုံးကျည်များပါရှိသော ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ သန်း ၃၀၀တန် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှု အစီအစဉ်ကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ သို့သော် ယင်းကြေညာချက်တွင် ATACMS ဒုံးကျည်များမပါဝင်ချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here