ရခိုင်ယူနိုက်တက်အသင်း နောက်တန်းခံစစ် ကစားသမားအဖြစ် ဂျပန်နိုင်ငံသား ဟီရိုရဖူဂျီဘာရာရှီ အား ခေါ်ယူ

0
154

ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ် (၂) ပွဲစဉ်တစ်လျှောက် နောက်တန်းဗဟိုခံစစ်မှူးအဖြစ် ကစားမည့် ဂျပန်နိုင်ငံသား ဟီရိုရဖူဂျီဘာရာရှီ (Hiroya Fujiba yashi)အား ခေါ်ယူထားပြီဖြစ်ကြောင်း ယမန်နေ့က စတင်မိတ်ဆက်ထားသည်။

Hiroya အနေဖြင့် လက်ရှိနောက်တန်းခံစစ်တွင် ကစားနေသည့် သီဟထက်အောင်၊ မွန်ကာလူးတို့နှင့်အတူ အားဖြည့်ကစားသွားမည်ဖြစ်ကြောင်း ရခိုင်ယူနိုက်တက်က အသိပေးထားသည်။

အသက်(၂၂)နှစ်အရွယ် Hiroya သည် ဂျပန်နိုင်ငံလက်ရွှေးစင် U16, U19 သက်တမ်းအလိုက်ကစားခဲ့သူဖြစ်ပြီး နောက်တန်းဗဟို ခံစစ်မှူးတစ်ဦးလည်း ဖြစ်သည်။

၎င်း အနေဖြင့် ဂျပန်နိုင်ငံအတွင်းရှိ Esperanza SC (Japan) 2020, Thespa Chatlen (Japan) 2021 ကလပ်တို့၌ ကစားခဲ့ပြီး နောက်ဆုံး 2022 ခုနှစ်အတွင်း Albanian ကလပ် KF Albpetrol တွင် ကစားခဲ့သူဖြစ်သည်။

Hiroya အနေဖြင့် ရခိုင်ယူနိုက်တက်အသင်းတွင် လာမည့်ပွဲစဉ်များ ကျောနံပါတ်(၃)အား ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ကင်မရွမ်းနိုင်ငံသား နောက်ခံလူ ဘိုယိုမိုကို ခေါ်ယူအားဖြည့်ထားပြီး အသင်းနည်းပြချုပ် မျိုးလှိုင်ဝင်းနှင့်အတူ ပူးပေါင်းလက်တွဲရန် ဂျပန်နိုင်ငံသားမစ္စတာဟီရိုကီအိုနိုအား နည်းစနစ်ဒါရိုက်တာအဖြစ် ထပ်မံခန့်အပ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here