ထိုင်ဝမ်နှင့်တရုတ်တို့ ကင်မန်ကျွန်းအနီး ကယ်ဆယ်ရေးလုပ်ငန်း၌ အတူပူးပေါင်းဆောင်ရွက်ခဲ့ကြ

0
180

တိုင်ပေ၊မတ် ၁၄

ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုမြင့်တက်နေသည့်ကြားမှပင် တရုတ်နှင့်ထိုင်ဝမ်တို့သည် ထိုင်ဝမ်က ထိန်းချုပ်ထားသော နယ်မြေဖြစ်သည့် ကင်မန်ကျွန်းအနီးနစ်မြုပ်သွားသောသင်္ဘောကယ်ဆယ်ရေးကို အတူပူးပေါင်းကာ ရှားရှားပါးပါး လုပ်ဆောင်ခဲ့ကြသည်။

ကြာသပတေးနေ့ မနက်အစောပိုင်းက တရုတ်ငါးဖမ်းသင်္ဘောတစ်စီး နစ်မြုပ်သွားပြီးနောက် နှစ်ဖက်လုံးမှ အာဏာပိုင်များသည် ကယ်ဆယ်ရေးလှေများကို စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါလှေတိမ်းမှောက်မှုကြောင့် လူနှစ်ဦး‌ေ-သဆုံးပြီး နှစ်ဦးကိုကယ်ဆယ်နိုင်ခဲ့ကာ ကျန်နှစ်ဦးမှာမူပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်းသိရသည်။

တရုတ်အာဏာပိုင်များက မစ်ရှင်၌ပူးပေါင်းပေးရန် ၎င်းတို့အားအကူအညီတောင်းခဲ့သဖြင့် ထိုင်ဝမ်က ကမ်းခြေစောင့်သင်္ဘောများကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ထိုင်ဝမ်အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယခုကယ်ဆယ်ရေးမစ်ရှင်အတွက် ထိုင်ဝမ်ဘက်မှ ကယ်ဆယ်ရေးလှေ လေးစီးစေလွှတ်ခဲ့ပြီး တရုတ်ဘက်မှ ခြောက်စီး၊စုစုပေါင်း ဆယ်စီးဖြင့် ကယ်ဆယ်ရေးမစ်ရှင်များကို ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here